Tuesday, August 20, 2013

Mark Zuckerberg ၏ Facebook အား IT ပညာရှင် တစ်ဦးက Hack လုပ်ခဲ့ခြင်း

Posted by drmyochit Tuesday, August 20, 2013, under | No comments



စာဖတ်သူတို့ အနေဖြင့် ကုမ္ပဏီကြီးတစ်ခုရဲ့ ဝက်ဘ်ဆိုဒ်ကို ဟက်ကာတစ်ဦးက ဖောက်ထွင်းဝင်ရောက် ခဲ့ပြီးနောက် အဆိုပါ ဟက်ကာအား ယင်းကုမ္ပဏီမှပင် အလုပ်ပြန်လည် ခန့်အပ်ကာ လုံခြုံရေး ဆောင်ရွက်ခိုင်းဆိုတဲ့ သတင်းတွေကို ကြားဖူးကြမှာပါ။

ဒါပေမယ့် ယနေ့ အဖြစ်အပျက်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဟက်ကာကတော့ အလုပ်ရမယ့်လမ်း ရှိမယ် မထင်ပါဘူး။ ဒီ ဟက်ကာကတော့ ပါလက်စတိုင်းမှ အိုင်တီပညာရှင်ဖြစ်သူ Khalil Shreateh ပဲဖြစ်ပြီး ယင်း ဟက်ခ် လုပ်ခဲ့တာကတော့ Facebook တည်ထွင်သူနဲ့ အမှုဆောင်ချုပ်ဖြစ်သူ Mark Zuckerberg ရဲ့ Facebook စာမျက်နှာ ဖြစ်နေပါတော့တယ်။

သေချာတာ တစ်ခုကတော့ Khalil အနေနဲ့ အကျိုးယုတ်စေလို့တဲ့ ရည်ရွယ်ချက်နဲ့ ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်း မဟုတ်ပါဘူး။ Facebook နဲ့ Mark Zuckerberg တို့ကို အရှက်ရစေလိုတဲ့ ဆန္ဒလည်း မရှိပါဘူး။ ယင်းအနေနဲ့ ဤကဲ့သို့ လုပ်ဆောင်ခဲ့ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သုံးစွဲသူများရဲ့ Facebook Wall မှာ မည်ကဲ့သို့သော လုံခြုံရေးနှင့် privacy သတ်မှတ်ချက်များ ထည့်သွင်းထားပါစေ ဖောက်ထွင်းဝင်ရောက် နိုင်စေသည့် bug တစ်ခု ရှိနေကြောင်းကို သက်သေပြလို၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတော့တယ်။

Khalil အနေနဲ့ ဤ bug အား Facebook ၏ လုံခြုံရေးအဖွဲ့အား အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း မည်သို့မှ ပြုပြင်ပေးခြင်း မရှိပဲ ယင်း၏ လေ့လာတွေ့ရှိချက်မှာ မှားယွင်းနေသည်ဟု အကြောင်းပြန်ခဲ့သဖြင့် ယခုကဲ့သို့ အမှုဆောင်ချုပ် ဖြစ်သူ၏ Facebook အား တိုက်ရိုက် ဖောက်ထွင်းကာ သက်သေပြခဲ့ခြင်းပင် ဖြစ်သည်။

Facebook လုံခြုံရေးအဖွဲ့မှ ပုဂ္ဂိုလတစ်ဦးက Khalil အား “ကျွန်တော့အနေနဲ့ ခင်ဗျားပြောတဲ့ ပြဿနာကို ရှာမတွေ့ပါဘူး။ ပေးထားတဲ့ လင့်ခ်ကို နှိပ်တော့လည်း error ပဲ ပြနေပါတယ်။ ဆော်ရီးပါပဲ။ ခင်ဗျားပြောတဲ့ Bug ဆိုတာ လုံးဝမရှိပါဘူး။” ဟု အကြောင်းပြန်လာခဲ့ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Mark Zuckerberg ၏ ကိုယ်ပိုင်စာမျက်နှာအား ဖောက်ထွင်းဝင်ရောက် ပြီးနောက် Wall ပေါ်၌ “ပထမဆုံးအနေနဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာမှာ ပါဝင်ခဲ့ရပြီး ယခုလို wall ပေါ်မှာ စာရေးခဲ့ရတာကို တောင်းပန်ပါတယ်။ Facebook ရဲ့ လုံခြုံရေး အဖွဲ့တွေကို အကြိမ်ကြိမ် အကြောင်းကြားပြီး ဘာမှဖြစ်မလာလို့ ရွေးစရာလမ်း မရှိတော့တာကြောင့် ယခုလို လုပ်ခဲ့ရတာပါ။” ဟု ရေးသားသွားခဲ့သည်။

Myanmar Consumer Guide

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်