မိုးညှင်း၊ သြဂုတ် ၁၉။
မိုးညှင်းမြို့တွင် မိုးညှင်းမြို့ရှိ အကြောင်းအရာများ သီးသန့် ဖော်ပြပေးလျက်ရှိသော ဖုန်းဆော့ဝဲလ်တစ်ခု ပြန့်နှံ့လျက်ရှိပြီး ဂုဏ်သိက္ခာရှိသော အကြောင်းအရာများ၊ သတင်းများ ကိုဖော်ပြ၍ ရန်မြို့သူမြို့သားများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။
“ဖုန်းထဲမှာ မိုးညှင်းသတင်းဆိုပြီးသီးသန့် ဆော့ဝဲလ်ထည့်ပြီး ကြည့်လို့ရနေတဲ့ ၀က်ဆိုက်တစ်ခုရှိနေတယ်။ ဘယ်သူလုပ်ထားတယ်တော့ မသိကြပါဘူး။ မိုးညှင်းသတင်းတွေသီးသန့်ပါ။ အင်တာနက်ဆော့ဝဲလ် ဖန်တီးသူကို ကျေးဇူးတင်ပေမဲ့ ဖေါ်ပြပေးတဲ့ အကြောင်းအရာက ရှက်စရာ၊ သိက္ခာမရှိတဲ့ လုပ်ရပ်တွေပါ။ သတင်းမဟုတ်ဘဲ အတင်းတွေဘဲ ဖြစ်နေပါတယ်။ ကျောင်းသူမလေးတွေ အိပ်နေတဲ့ပုံတွေနဲ့ အတင်းပြောတဲ့ အကြောင်းတွေ တင်ပေးထား တာ တွေ့ရပါတယ်။ ကျောင်သူမလေးတွေ သူ့အခန်းထဲမှာ သူအိပ်ချင်သလို အိပ်ပါစေ။ ဒါရေးတင်စရာလား။ မြန်မာ့ရိုးရာ စည်းးကမ်းပျက်ပြီး အိပ်ချင်သလို အိပ်တာမဟုတ်ပါဘူး။ နှမချင်း ကိုယ်ချင်းစာတရားထားပြီး မြန်မာအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းတဲ့စိတ် မွေးသင့်ပါတယ်။ အဖျင်းတွေပြောပြီး ယုတ်မာအပြစ်တင်ဖို့ဘဲ ကြည့်မနေသင့်ပါဘူး။ မိမိမြို့မိမိတိုင်းပြည်ဟာ သူတပါး တိုင်းပြည်ထက်သာအောင် ငါတို့ဘာလုပ်ရကြရမယ်ဆိုတာ စဉ်းစားကြစေချင်ပါတယ်။ အကြံဥာဏ်တွေကို တင်ပြကြစေချင်တယ်”ဟု ကျောင်းဆရာမတစ်ဦးက ၎င်း၏ အမြင်များကို ပြောသည်။
လူနှစ်ယောက်ရှိလျှင် သုံးဖွဲ့ ကွဲတတ်သောအကျင့်၊ အတင်းအဖျင်းပုတ်ခတ်တတ်သော အကျင့်များကို ဖျောက်ပြီး ခံယူချက်မတူသော အရာများကို ဘေးဖယ်၍ ခံယူချက်တူသော အချက်များကို ပေါင်းစည်းကာ အများအကျိုးရှိသော အချက်များကို ဖော်ထုတ်တင်ပြပေးနိုင်လျှင် ကချင်ပြည်နယ်၊ မိုးညှင်းသတင်းဝက်ဆိုက်က တန်ဖိုးအရှိဆုံးဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံမှာက ချင်ပြည်နယ်ဆိုတာ အလယ်ပိုင်း၊ အောက်ပိုင်း တိုင်းဒေသကြီးများနှင့် မတူညီသော အုပ်ချုပ်မှုအောက်တွင် ရှိကြောင်း၊ မိုးညှင်းသားများသည် ယင်းကဲ့သို့ အောက်တန်းကျသော လုပ်ရပ်များကို မလုပ်ဘူဟုသာ ယုံကြည်ထားကြကြောင်း ယင်းဖုန်းဆော့ဝဲလ်နှင့် ပတ်သက်၍ မိုးညှင်းမြို့မှ လေးစားရသူ သက်ကြီးပိုင်းများက ပြောကြသည်။
သီဟ (ကချင်)
From: Myanma Age
Tuesday, August 20, 2013
မိုးညှင်းမြို့ ဖုန်းဆော့ဝဲလ်တစ်ခု ပြန့်နှံ့လျက်ရှိ ဂုဏ်သိက္ခာရှိသော အကြောင်းအရာများ ဖော်ပြရန် မြို့သူမြို့သားများမျှော်လင့်
Posted by drmyochit
Tuesday, August 20, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment