Tuesday, August 20, 2013

ပြေးနိုင်မှလွတ်မည်

Posted by drmyochit Tuesday, August 20, 2013, under | No comments


သူငယ်ချင်းတို့ရေ ….. အလုပ်အကိုင် မကောင်းလို့ လောပန်းဖြစ်မလားဆိုပြီး ကချင်ပြည်နယ်သွား ကျောက်ကောက်မယ်… ရွှေကျင်မယ်…. စိတ်ကူးထားပါသလား ….. ငါတို့ နိုင်ငံရဲ့ တွင်းထွက်ရတနာတွေ ပေါများရာ အဲဒီကချင်ပြည်နယ်မှာ အလုပ်လုပ်မဲ့သူ မရှိသလောက်ဖြစ်နေပြီ။ သယံဇာတတွေကို အစိုးရက ဒါမှမဟုတ် ကေအိုင်အေက စနစ်တကျထုတ်ယူသုံးစွဲဖို့ အစီအစဉ်ချ ထိန်းချုပ်တာတော့မဟုတ်ပါ။ အဓိက အလုပ်သမား ပြဿနာ တက်နေကြတာပါ။ အရင်တုန်းက နိုင်ငံရဲ့နေရာအနှံ့အပြားကလူတွေ လာပြီး အလုပ်လုပ်ကြတဲ့ အဲဒီ့နေရာမှာ အခု ကေအိုင်အေ ကို ဆက်ကြေးပေးပြီးလုပ်လည်း ကေအိုင်အေ လူသစ်စုတာ ခံရတယ်တဲ့။

အမှန်ကတော့ တိုင်းရင်းသားလက်နက်ကိုင်ဆိုတာ ကိုယ့်ဒေသခံ တိုင်းရင်းသားတွေနဲ့ဖွဲ့ပြီး ဒေသ အတွက် ရပ်တည်ကြတာ မဟုတ်လား။ ဒါပေမယ့် ကေအိုင်အေတွေက သူတို့လူမျိုးတွေတောင် ကချင်စစ်သား မလုပ်ချင်ကြတော့ လူမျိုးအချင်းချင်း အဓမ္မဖမ်းဆီး လူသစ်စုတာကနေ တစ်ဆင့်တက်ပြီး ဗမာ၊ ရှမ်း၊ ကဒူး ကနန်း၊ ရ၀မ်၊ လီဆူး၊ ဂေါ်ရခါး ………. အို အကုန်စုံအောင် တွေ့တဲ့လူကို ဖမ်းပြီးစုနေတယ်။ အရင်တုန်းက ကချင်ထဲမှာတောင် တစ်ခြားသူတွေကို မယုံလို့ ဂျိမ်းဖောကိုပဲ စုတာလေ… အခုတော့ အခြားသူတွေကို ယုံလို့တော့ မဟုတ်ဘူး…။ အဲလို လူမျိုးတွေပါတော့ ဒေသအလိုက်ပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် ငွေတောင်းလို့ ကောင်းအောင်လို့တဲ့ ….. လူမျိုးကွဲကို မယုံကြည်လို့ …. တစ်ချို့ တပ်ဖွဲ့ဝင်တွေကို သေနတ် တောင် ပေးမကိုင်ဘဲ ကချင်ဓားပဲ ပေးကိုင်တယ်တဲ့ (တောခုတ်ဖို့)..သေနတ်ပေးကိုင်တာနဲ့ သူတို့တွေကို ပြန်ပစ်မှာကြောက်တော့ ကင်းစောင့်တာတောင် သေနတ်မကိုင်ရဘူးတဲ့…..။ နောက်တစ်နည်းက တွေ့တဲ့ လူဖမ်း၊ လူသစ်စု၊ ငွေနဲ့ပြန်ရွေးမှ လွှတ်ပေးတဲ့ (ဒါမှပဲ ထမင်းစားရတော့မှာ)။

သူတို့လူကြီးတွေက မူးယစ်ဆေး၊ ကျောက်စိမ်းနဲ့ အဆင်ပြေ ချမ်းသာပြီး အာဏာနဲ့ ယစ်မူးလို့ နေပေမယ့် အောက်ကအဖွဲ့တွေက အစိုးရစစ်တပ်ရဲ့ ၂ နှစ်လောက် ဆုံးမတာခံရတော့ လစာလည်းမရ ကြုံရာရှာစားတဲ့ ဘ၀နဲ့သေသူသေ…အဖွဲ့လိုက် ပြေးသူပြေး…. ဆိုတော့ လူလိုနေတာလည်း ပါ ပါလိမ့်မယ်။

သူငယ်ချင်းတို့ ကူညီချင်လို့ ဆန္ဒရှိရင် မွတ်စလင်ပါ လက်ခံနေပြီလို့သိရပါတယ်..။ စဉ်းစားဖို့ ကတော့ ….. ပင်ပန်းမယ် … ကြမ်းတမ်းမယ်…. အဆိုးဆုံးဒုက္ခနဲ့ ခေါင်းမထောင်နိုင်အောင် သောကတွေ ခံစားရပြီး အပြန်လမ်းအတွက်တော့ မရှိသေးဘူးတဲ့။ လက်နက်ပြ အနိုင်ကျင့် …. ခြိမ်းခြောက်… လူသတ်.. အဓမ္မပြုကျင့်… စတဲ့ ဥပဒေမဲ့တွေ လုပ်နေတာကို တားဆီးပြောဆိုမယ့် လူတော့ အခုမရှိသေးဘူး..။ နောင်တစ်ချိန်တော့ အဲဒီပြစ်မှုတွေအတွက် ကြိုးကွင်း မလုံလောက်လို့ ငါတို့အညာမှာသုံးတဲ့ နဖားကြိုး များစွာ အော်ဒါမှာရမယ်လို့ ရှေ့နေတစ်ဦးကတော့ ပြောဖူး​ကြောင်း…။

စေတနာများစွာဖြင့် အညာသား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်