Tuesday, August 20, 2013

မျက်ကန်းမျိုးချစ်များ မဖြစ်စေလို

Posted by drmyochit Tuesday, August 20, 2013, under | No comments


ပြည်ပတွင်နေထိုင်ကြသော နိုင်ငံရေးလုပ်စားအချို့ 

မည်သည့်နိုင်ငံတွင်မဆို ခေါင်းဆောင်မှုပုံစံအမျိုးမျိုး၊ အုပ်ချုပ်မှုစနစ်ပုံစံအမျိုးမျိုးဖြင့် အုပ်ချုပ်နေကြ သည်ကို ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံတွင်မဆိုတွေ့ကြုံနေရသည်။ ထိုနည်းတူစွာမိမိတို့နိုင်ငံမှနိုင်ငံသူ နိုင်ငံသားများမှာလဲပုံစံအမျိုးမျိုးဖြင့်ကြုံတွေ့ နေကြရမည်မှာလဲ မလွဲဧကန်ပင်။မိမိတို့ မြန်မာနိုင်ငံသည် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊တတိယမြန်မာနိုင်ငံတော်စသည် ဖြင့်ကုန်းဘောင် မင်း ဆက်များ ပဒေသရာဇ်စနစ်ဖြင့်အုပ်ချုပ်ခဲ့ကြပြီးနောက်သီပေါမင်းလက်ထပ်တွင်သူ့ကျွန်ဘ၀သို့
ကျရောက် ခဲ့ရသည်။ဘာကြောင့် သူ့ကျွန်ဘ၀ကျရောက်ခဲ့ရသလဲ အဖြေကို ရှာကြည့်ရင် ကျနော်တို့ မြန်မာ လူမျိုးတွေ အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဆိုခြင်းကရာခိုင်းနှုန်းအရကြည့် မည် ဆိုလျှင်၈၀ရာခိုင်နှုန်းခန့် ရှိမည်ဟုလေ့လာဆန်းစစ်ချက်များအရသိရှိရပါသည်။

ပဒေသရာဇ်ခေတ်လွန်စတုတ္ထမြန်မာနိုင်ငံကို စည်းရုံးပြီးတိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုေ ဖ်ာဆောင်ခဲ့ သူမှာ ဗိုလ်ချုပ်အောင် ဆန်းဖြစ်သည်ဆိုသည်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်ပါ။ မြန်မာနိုင်ငံ၏ လွတ်လပ် ရေး ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသောဗိုလ်ချုပ်သည်မြန်မာနိုင်ငံအား လွတ်လပ်ရေး ရယူပေးနိုင်ရုံ သာမက ဒီမိုကရေစီ စနစ်တစ်ခုကိုလဲ အုပ်မြစ်ချပေးခဲ့သည်။ သို့ ပေမယ့်လဲတစ်ကိုယ်ကောင်းဆန်သူ၊ အတ္တကြီးသူလူတစ်စု၏ အကောက်ကြံမှုကြောင့် မြန်မာနိုင်ငံ၏ အားကိုးရမည့် ရတနာ တစ်ပါး ဆုံးရှုံးခဲ့ ရလေသည်။ ဗိုလ်ချုပ် အုပ်မြစ်ချပေးခဲ့တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ၁၄နှစ်အကြာ မြန်မာနိုင်ငံသည် တစ်ပါတီစနစ်သို့  ကျရောက်ခဲ့ရပြီးနောက် စနစ်အမျိုးမျိုးဖြင့် ရာစုနှစ်တစ်ဝက်ခန့် မြန်မာနိုင်ငံမှာအဆိုး
သံသရာထဲမှရုန်းမထွက်နိုင်ခဲ့ပါ။

၂၀၁၁ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်ထွက်လာခဲ့ပါသည်။ ထိုသို့ပေါ် ထွက်လာပြီး မကြာမီ မရှေးမနှောင်းဆိုသလိုပင် ပြသနာများကိုဖြေရှင်းနေ ရသည်မှာလဲ အားလုံး အသိ ပင်ဖြစ် သည်။ ထိုသို့ ဖြေရှင်းရာတွင်ယနေ့ခေတ်ကာလတွင်ဖြစ်ပေါ်နေသောဘင်္ဂါလီ ရိုဟင်ဂျာ အရေးနှင့် ပတ် သတ်ပြီး အစိုးရ၏ ရပ်တည်မှုသည်သမိုင်းကောင်းဖြစ်သည်။ရပ်တည်မှုပြတ်သားသည်။ရပ်တည် မှုပြတ်သားသော်လည်း အရေးကိစ္စဖြေရှင်း မှုမှာ အမြှော်အမြင်ရှိရှိ သိမ်မွေ့ ညင်သာစွာဖြေရှင်းနေ သည်ကို လဲတွေ့ ရပါသည်။ထိုသို့ ဖြေရှင်းနေသည်ကိုအသားထဲမှ လောက်ထွက်ကြသူများ၊မိမိ အကျိုးစီးပွား အတွက်ရှေ့  တန်းတင် ထားမည့်သူများမှာသမိုင်းရိုင်းမည့် သူများဖြစ်သည်။မိမိအကျိုးအတွက်ဆို မည်သည့် ကိစ္စကို မဆို လုပ်ကိုင်ရန် ၀န်လေးတတ်သူများမဟုတ်၊ ကိုယ်ကျိုး စီးပွားအတွက် "ယုံကြည်ချက်" ဆိုသော စကားလုံး ကို တွင်တွင်သုံးပြီး မျက်စိကို စုံမှိတ်အော်ကာ မိမိနိုင်ငံအား ချောက်ထဲ တွန်းချမည့် သူများဖြစ် သည်။

မှန်ကန်သောတောင်းဆိုမှု၊ အများကိုကိုယ်စားပြုသော တောင်းဆိုမှုမရလို့ဆိုပီးတောင်းဆိုတာမျိုးတော့ လက်ခံ နိုင်ဖွယ်ရာဖြစ်၏။အစိုးရမှအရာအားလုံးလိုက်လိုက်လျောလျောရှိနေသည့်ကြားမှယုံကြည်ချက် အတွက် တိုက်ပွဲ ၀င်နေကြတယ်ဆိုတာကတော့လုံးဝနားမလည်နိုင်ပါ။တစ်ရေးနိုးလို့ ဆန္ဒမပြည့်ဝတိုင်း တိုက်ပွဲဝင်ရပါသည်ဟုဆိုလျှင်သင်၏မိသားစုအပေါ်တွင်ကောဘယ်လောက်စီမံခန့် ခွဲနိုင်လဲဆို တာကို သတိရှုစေ ချင်ပါသည်။တောင်းဆိုနေမှုများကိုလိုက်လျောနေလျက်သားနှင့်ပင် ယုံကြည်ချက် အတွက် တိုက်ပွဲဝင်နေ ရသည် ဆိုပါလျှင်ထိုသူတို့ အား အကြောင်းအမျိုးမျိုးဖြင့်စဉ်းစားရပါလိမ့်မည်။နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ပညာရေး၊ဒီမိုကရေစီ အရေး စသော ကဏ္ဍပေါင်းစုံ အသီးသီးတွင် အခြေခံကောင်းသော အုပ်မြစ်တို့ ရှိနေစေရန်သမ္မတကြီးလဲဆောင်ရွက်နေပါသည်။သမ္မတကြီး၏ လုပ်ဆောင်ချက် များကိုလူတစ်စုမှသာထောက်ခံနေကြခြင်းမျိုးမဟုတ်ဘဲ လူအများ စုသာ မကနိုင်ငံတကာ ကပါ ထောက် ခံနေသည်ကိုလဲတွေ့ နေရပါသည်။ယခုကဲ့သို့  တိုးတက်နေသောခေတ်ကြီး ထဲတွင်ယခင်က လိုမှိုင်း တိုက် ၀ါဒဖြန့်ခြင်းမျိုးလုပ်ဆောင်ရ်ျမရနိုင်တော့ပါ။ထို့ကြောင့်လဲ နိုင်ငံရေးလုပ်စားသူအချို့ ခွက်ပျောက် သွားကြသည် ကိုလဲအားလုံးအသိပင်။

ထို့ ကြောင့် အဆိုးသံသရာဝဲဂယက်ထဲမှ အကောင်းသံသရာသို့ ဝင်ရောက်လာသောမိမိတို့ မြန်မာနိုင်ငံ၏ အကျိုး စီးပွားကို မျက်ကန်းသဘောတရားအယူအဆများဖြင့်မဖျက်ဆီးသင့်၊မတုန့် နှေးစေသင့်ပါ။ပြည်သူ အများ လက်ခံနေကြသော အရာများကို အမြဲဆန့် ကျင်တိုက်ပွဲဝင်မည့်အစားမှန်ကန်သောအယူဝါဒ၊မိမိနိုင်ငံ အား တိုးတက်လိုစိတ်၊မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်များရှိခဲ့ပါလျှင်ပူးပေါင်းဆောင်ရွက်ခြင်းကသာလျှင် မိမိ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက်အကျိုးသက်ရောက်မှုရှိပါလိမ့်မည်။

Min Thu

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်