Tuesday, August 20, 2013

အမြင်ရိုင်းတဲ့ ဇာတ်ဝင်ခန်းမျိုး ရိုက်ဖို့ငှားရမ်းရင် ငြင်းပယ်မယ်ဆိုတဲ့ ဆန်းသစ်လ

Posted by drmyochit Tuesday, August 20, 2013, under | No comments



 အရင်က ဗီဒီယိုဆင်ဆာတွေ ရှိနေတဲ့အတွက် လာငှားတဲ့ ဇာတ်တိုင်းကို မစီစစ်ဘဲ ခက်ခံရိုက်ကူးခဲ့တာတွေရှိခဲ့တဲ့ ဆန်းသစ်လက အခုလို ပွင့်လင်း လွတ်လပ်လာတဲ့ ခေတ်မှာတော့ ဇာတ်လမ်း၊ ဇာတ်ညွန်းတွေကို သေချာ စီစစ်လေ့လာပြီးမှ လက်ခံရိုက်ကူးဖို့ စဉ်းစားတာနဲ့ ပတ်သက်ပြီး “ ဇာတ်ကားတစ်ကား ရိုက်တော့မယ်ဆိုရင် လာပြောတဲ့ ဇာတ်ရုပ်ကို သေချာကြည့်ရတယ်။ ဇာတ်ကို ကြိုက်ပြီ ဆိုမှ လက်ခံ ဖြစ်တယ်။ ညီမတစ်ယောက်တည်း မဆုံးဖြတ်ဘူး။ မိဘနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်တယ်။ ကိုယ်သေချာလုပ်နိုင်မယ့် ဇာတ်ရုပ်မျိုးကိုပဲ ရွေးချယ်တယ်။ပြီးတော့ ပရိသတ်တွေအတွက် အမြင်ရိုင်းမယ့် ဇာတ်ဝင်ခန်းမျိုး ရိုက်ကူးဖို့ ငှားရမ်းလာရင် ငြင်းပယ်မှာပါ။ တကယ်လို့ ရိုက်ကွင်းပေါ်ရောက်မှ ရိုက်ရမယ်မှန်း သိပြီး ငြင်းမရတဲ့ အခါမျိုး ကြုံလာရင် ညှိုနှိုင်းပြီး ကိုယ်တက်နိုင်သလောက် သရုပ်ဆောင်မှာပါ။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဇာတ်ရုပ် ဘယ်လောက်ပဲ ရွေးရွေး လူဆိုတာ အမှားအယွင်းရှိနိုင်တယ်လေ” လို့ ဆိုပါတယ်။ ဆန်းသစ်လက ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ “Good Luck” ဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Lucky Girl နေရာကနေ သရုပ်ဆောင်ထားပါတယ်။

Friday(Malay)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်