Tuesday, August 20, 2013

အစိုးရက အလိုရှိသော ထိပ်တန်း အကြမ်းဖက် သမား တစ်ဦးအား နယူးဒေလီ ရဲတပ်ဖွဲ့ ဖမ်းဆီး

Posted by drmyochit Tuesday, August 20, 2013, under | No comments



အိန်္ဒိယ နိုင်ငံ၏ ထိပ်တန်း အကြမ်းဖက် သမား တစ်ဦးဖြစ်ပြီး ၎င်းနိုင်ငံ အစိုးရက အလို ရှိနေသည့် အကြမ်းဖက် သမား ၂၀ ဦးတွင် တစ်ဦး အပါအ၀င် ဖြစ်သော ဆေရက်အဗ္ဗဒူလ် ကာရင်မ်ကို နီပေါနိုင်ငံ နယ်စပ် အနီးမှ သြဂုတ် ၁၆ ရက်တွင် အိန်္ဒိယ ရဲတပ်ဖွဲ့က  ဖမ်းဆီးနိုင်ခဲ့ သည်ဟု  သိရသည်။

ဆေရက်အဗ္ဗဒူလ် ကာရင်မ်သည် အသက် ၇၀ နှစ်ရှိပြီး အကြမ်းဖက် လုပ်ငန်းများတွင် Tunda အမည်ဖြင့် လှုပ်ရှားခဲ့သူ ဖြစ်သည်။ ၎င်းသည် ၂၀၀၁ ခုနှစ် အတွင်းက အိန်္ဒိယ ပါလီမန် လွှတ်တော်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု အပြီး နောက်ပိုင်းတွင် ပါကစ္စတန် နိုင်ငံ အတွင်းရှိ တရားခံ များကို အိန်္ဒိယ နိုင်ငံသို့ ပြန်လည် လွှဲအပ်ပေးရန် တောင်းဆိုထားသည့် အကြမ်းဖက် သမား ၂၀ ဦး အနက်တွင် တစ်ဦး အပါအ၀င် ဖြစ်သည်။ Tunda သည် အိန်္ဒိယ နိုင်ငံ အတွင်းရှိ  အကြမ်းဖက် အဖွဲ့အစည်း တစ်ခု၏ ဗုံးပြုလုပ်မှု ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်ကြားတွင် အိန်္ဒိယ နိုင်ငံ အတွင်း၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များတွင် ပါဝင်ခဲ့ပြီး နယူးဒေလီ မြို့တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုပေါင်း အနည်းဆုံး ၄၀ နှင့် ရာဇ၀တ်မှုပေါင်း ၃၃ ခုတွင် ပါဝင် ပတ်သက်ခဲ့သူ တစ်ဦးဖြစ်သည်။

၎င်းအား အိန်္ဒိယ အာဏာပိုင် များက သြဂုတ် ၁၇ ရက်နှောင်းပိုင်းတွင် ရုံးတင်စစ်ဆေး ခဲ့သည်ဟု သိရသည်။

From: Oppositeye

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်