Tuesday, August 20, 2013

ကင်တားနားကို မိတ္ထီလာမြို့ခံများ တီရှပ် ပြောင်းပြန်ဝတ် ကန့်ကွက်မည်

Posted by drmyochit Tuesday, August 20, 2013, under | No comments



မိတ္ထီလာ၊ သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့သို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို မိတ္ထီလာ မြို့ခံများက သြဂုတ် ၁၉ ရက်နေ့ ညပိုင်းတွင် တီရှပ်အင်္ကျီ ပြောင်းပြန် ဝတ်ကာ ကန့်ကွက် ဆန္ဒပြမည်ဟု အဆိုပါ မြို့ခံများထံမှ သိရှိရသည်။

အင်္ကျီရှေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဓာတ်ပုံကို အမှန်ခြစ်ထား ပြီး ကျောဘက်တွင် ကင်တားနား၏ ပုံပါသည့် အနီရောင် စက်ဝိုင်း ကန့်လန့် မျဉ်းဖြင့် ထည့်သွင်းကာ အလိုမရှိကြောင်း သဘောကို ပြသမည်ဟု ယင်းဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွင် ဗုဒ္ဓဘာသာဝင်များ အပေါ် အထင်အမြင် လွဲမှား စေသည့် အစ္စလာမ် ဘာသာဝင်များကို လူမျိုးတုံး သတ်ဖြတ်သည်ဟု စွပ်စွဲမှု၊ ကင်တားနား လာမည့် အချိန်တိုင်းတွင် ဘင်္ဂါလီများက ပဋိပက္ခ ဖန်တီးနေမှုနှင့် ယခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ် သို့ ရောက်စဉ် ဗုဒ္ဓဘာသာ သံဃာတော်များနှင့် တွေ့ဆုံရာ၌ သံဃာတော် များဘက်သို့ ခြေဆင်း ထိုင်သော အမူအရာတို့ကို ကန့်ကွက်ရန် ရည်ရွယ်ချက်တို့ဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း မြို့ခံ တစ်ဦး ဖြစ်သူ ဦးမင်းသူရက ဆိုသည်။

ကင်တားနားအား အမြန်ဆုံး ထွက်သွားရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်း မပြုရန်၊ ကင်တားနားကို မြန်မာနိုင်ငံ၏ အထူး အစီရင်ခံစာ တင်သွင်းသူ တာဝန်မှ အမြန်ဆုံး ရုပ်သိမ်းပေးရန်၊ ကြီးမြတ်သော ရာထူးနှင့် တာဝန်ကို အလွဲသုံးစား ပြု၍ ကမ္ဘာ့ အဖွဲ့အစည်းကြီးကို သိက္ခာမဲ့စေသော ကင်တားနားကို ပြတ်သားစွာ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ရေးသား ထားသော အိတ်ဖွင့်ပေးစာကို မြို့ခံလူထုက ကင်တားနားကို ပေးအပ် မည် ဖြစ်ကြောင်း မိတ္ထီလာ ဒေသခံ ဒေါ်မေသက်ဦးက ပြောကြားသည်။

အောက်တိုဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းရန် အတွက် လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ၁၁ ရက်ကြာ ရောက်ရှိနေသည့် ကင်တားနားကို ရခိုင်ပြည်နယ် ခရီးစဉ်တွင် လည်း ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

ကင်တားနားသည် ယခုခရီးစဉ်အတွင်း ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ် တို့ကိုလည်း သွားရောက် လေ့လာခဲ့ပြီး ဖြစ်သည်။

မိတ္ထီလာ မြို့ခံများက ဆန္ဒပြရန် စီစဉ်ထားသော်လည်း ကင်တာနားမှာ ည ၁၀ နာရီထိ ရောက်ရှိ လာခြင်း မရှိသဖြင့် လူစု ကွဲသွားကြောင်း အမျိုးသားနိုင်ငံရေး မဟာမိတ် အဖွဲ့ချုပ်မှ ဦးဝင်းဇော်က ပြောကြားသည်။

ကျော်စိုးမိုး
The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်