Tuesday, October 15, 2013

အနုပညာသမား ရဲ့ ဘဝကို ပရိသတ်က ပိုင်တာပါ ဆိုတဲ့ ဒါရိုက်တာ မောင်မျိုးမင်း

Posted by drmyochit Tuesday, October 15, 2013, under | No comments


ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ မိခင်ကြီး ဒေါ်ထွေးရီ (ပဲခူး) ၉၄နှစ် ဟာ အောက်တိုဘာ ၃ ရက်နေ့ နေ့လယ်(၁၂) နာရီက ကွယ်လွန် သွားခဲ့ပါတယ်။ အဲဒီနေ့မှာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က Miss Universe Myanmar ပြိုင်ပွဲ ကြီးမှာ စတိတ် ဒါရိုက်တာ အနေနဲ့ တာဝန်ယူ ဆောင်ရွက်ရ မှာ ဖြစ်တာကြောင့် မနက်ပိုင်း မှာ မိခင်ကို နှုတ်ဆက်ပြီးမှ အမျိုးသားက ဇာတ်ရုံကို သွားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော် တို့က ၁ဝနာရီခွဲမှာ အကုန်လုံး ချိန်ထားကြတော့ ၁ဝနာရီ မှာ အမေ က နိုးနေတယ်။ အမေ နေကောင်းလား ဆိုတော့အေးတဲ့။ ဘာစားပြီးပြီလဲ။ အခုမှ နိုးတာလား ဆိုတော့ အခု မှနိုးတာတဲ့။ အမေ ဘာလုပ်ချင်လဲ၊ ဘာမှ မလုပ်ချင် ပါဘူး။ သားရယ်တဲ့။ သမီး ကိုလည်း ဘွားဘွားကို ဂရုစိုက်ဖို့ မှာခဲ့တယ်။ အမေသား အလုပ်သွားဦး မယ်နော်လို့၊ အမေက ဘာမှ ပြန် မပြောဘူး။ အမေကြားလား၊ သား အလုပ် သွားတော့မယ်လို့၊ အေးအေး တဲ့။ သူမသွားစေချင်ဘူး နဲ့ တူပါတယ်။ ကျွန်တော်ကလည်း ၁ဝနာရီခွဲ ချိန်း ထားတော့ သွားရတယ်။ အိမ်ဖော် ကောင်မလေးက ထမင်းစား မလားဆို တော့ မစားချင်ဘူးတဲ့။ သမီးက ဆေး တိုက်ဖို့ ဆေးသွားယူ တုန်းပဲ ရှိသေး တယ်။ အသက် မရှိတော့ဘူး။ ညင်ညင် သာသာလေးပဲ။ ဘာမှ ဝေဒနာ မခံစား လိုက်ရဘူး။ ကျွန်တော့်ကို အကြောင်း မကြားကြဘူး။ ဆာမိ ရှိတော့ ဆာမိ ကို ဖုန်းဆက်ပြီးပြောတယ်။ နင့် ဆရာရဲ့ အမေတော့ ဆုံးသွားပြီ။ သူ့ကို အသိမပေး ထားဘူး လို့ ပြော တယ်။ ကျွန်တော်က ဘာမှ မသိဘူး။ လုပ်စရာ ရှိတာတွေ ကို လုပ်နေတယ်။ ညနေ ၄နာရီကျမှ ဖုန်းဝင်လာ တယ်။ နာရေးက ဘယ်မှာလဲတဲ့။ ဘာ နာရေးလဲလို့။ မင်းအမေ ဆုံးတာ မင်းမသိဘူးလားတဲ့။ ဘာတွေ လာပြောနေတာ လဲ ဆိုပြီး စိတ်တိုပြီး ပြောလိုက်တယ်။ အဲဒီတော့မှ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်လာတယ်။ အိမ်ကို ဖုန်းဆက်ပြီး အမေ ဘာဖြစ်လဲ ပြောစမ်းဆိုမှ အမေဆုံးပြီတဲ့။ ၅နာရီ ဖြစ်နေတော့ သွားလို့ မရတော့ဘူး။ Body ကို ၆နာရီ မတိုင်ခင် လာသယ်မှာတဲ့။ ငါ့အမေကို မမီတော့ ဘူးပေါ့။ အဲဒီမှာ စိတ်တုံးတုံး ချလိုက်တယ်။ ငါသွားရင်လည်း ဒီပွဲလည်း မမီဘူး။ ကားလမ်းပိတ်တာနဲ့ သွားရင်လည်း ဒုက္ခရောက်မယ်။ ဒါကိုပဲ အကောင်း ဆုံးဖြစ်အောင် လုပ်တော့ မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဖေ့စ်ဘုတ် တင်လိုက်တယ်။ တင်ရင်းနဲ့ ချောင် လေးက အမှောင်ထဲမှာ သွားငိုလိုက် တယ်။ ပြီးတော့ လုပ်စရာ ရှိတာတွေ လုပ် တယ်။ အားလုံး ပွဲပြီးတဲ့ အချိန်မှာ ပြန်သွားတယ်။ အိမ်ကိုလည်း မပြန် ချင်ဘူး။ အိမ်မှာ အမေ မရှိဘူးဆိုတာ သိနေတော့ မပြန်ချင်ဘူး။ မပြန်လို့ မဖြစ်ပါဘူး ဆိုပြီး အိမ် ကိုပြန် ခဲ့တယ်။ ဟိုးတုန်း ကတည်းက အမေက ကျွန်တော် ပြန်လာမှ အိပ်တယ်” လို့ ပြောပါတယ်။ အနုပညာသမားက ကိုယ့်ကိုယ် ကိုယ်မပိုင်ဘဲ ပရိသတ်တွေက ပိုင်တာ ဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပါတယ်။


ခိုင်ဝေလွင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်