Tuesday, October 15, 2013

အမေရိကန် သုတေသီ ၃ဦး စီးပွားရေး နိုဘယ်လ်ဆု ရရှိ

Posted by drmyochit Tuesday, October 15, 2013, under | No comments


ဒီနှစ် ​၂၀၁၃ ​ခုနှစ် ​အတွက် ​စီးပွားရေးဆိုင်ရာ ​နိုဘယ်လ်ဆုကို ​အမေရိကန်နိုင်ငံက ​စီးပွားရေး ​သုတေ သီတွေ ဖြစ်ကြတဲ့ ​Lars ​Peter ​Hansen, ​Eugene ​Fama ​နဲ့ ​Robert ​Shiller ​သုံးဦးတို့က ​ရရှိသွားခဲ့ပါတယ်။

သူတို့သုံးဦးကို ​စီးပွားရေးနဲ့ပတ်သက်တဲ့ ​ဈေးကွက်တွင်းကပိုင်ဆိုင်မှုတန်ဖိုးတွေကို ​ကြိုတင်လေ့လာ ​ခန့်မှန်း နိုင်တဲ့နည်းလမ်းသစ်တွေ ​ထုတ်ဖော်နိုင်ခဲ့တဲ့အတွက် ​စီးပွားရေးနိုဘယ်လ်ဆု ​ချီးမြှင့်ခံခဲ့ရတာ ​ဖြစ်ပါတယ်။

စီးပွားရေး ​သုတေသီနှစ်ဦးဖြစ်တဲ့ ​Lars ​Peter ​Hansen ​နဲ့ ​Eugene ​Fama ​တို့ဟာ ​Chicago ​တက္ကသိုလ်က ဖြစ်ကြပြီး ​ကတော့ ​Yale ​တက္ကသိုလ်က ​စီးပွားရေးသုတွေသီဖြစ်ပါတယ်။

ဒီစီးပွားရေး ​နိုဘယ်လ်ဆုဟာ ​ဆီဒင်နိုင်ငံသား ​သိပ္ပံပညာရှင်လည်းဖြစ် ​ပရဟိတအလှူရှင်လည်းဖြစ်တဲ့ ​Alfred ​Nobel ​ရဲ့ ​နှစ်ကိုယ်မူလ ​သေတမ်းစာမှာရေးထားခဲ့တဲ့ ​နိုဘယ်လ်ဆုပေးရမယ့် ​စာရင်းထဲမှာ ​မပါဝင်ပဲ ​၁၉၆၈ခုနှစ်ကမှစပြီးတော့ ​ဆွီဒင်နိုင်ငံ ​ဗဟိုဘဏ်ရဲ့နှစ်သုံးရာဖြည့် ​ကို ​ကျင်းပတဲ့အနေနဲ့ ​၁၉၆၉ ခုနှစ်မှာ စပြီးတော့ ​စီးပွားရေးနိုဘယ်လ်ဆုကို ​စတင်ပေးခဲ့တာဖြစ်ပါတယ်။

တခြားနိုဘယ်လ်ဆုတွေကိုတော့ ​၁၉၀၁ခုနှစ်ကတည်းက ​ပေးခဲ့တာဖြစ်ပါတယ်။

ABC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်