Tuesday, October 15, 2013

ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ဘောလုံးကန်ကာ အလှူပြုခဲ့ ကြတဲ့ အနုပညာရှင်တို့ရဲ့ ပီတိစကား

Posted by drmyochit Tuesday, October 15, 2013, under | No comments


မြန်မာ့လက်ရွှေးစင်ဟောင်း ဘောလုံးအသင်းနဲ့ အနုပညာ ရှင်များ ပါဝင်ထားတဲ့ ဘောလုံး အသင်းတို့က ချစ်ကြည်ရေး ရန်ပုံငွေဘောလုံးပွဲအဖြစ် အောက်တိုဘာလ ၁၂ ရက် နေ့ ညနေ၄နာရီက အောင်ဆန်း ဘောလုံးအားကစားကွင်း၌ ကျင်းပရာ ဘောလုံးပွဲမစခင် အနုပညာရှင် အချို့က နေ့ခင်း ၁နာရီကနေ စပြီးတေးသီချင်း များ နဲ့ ဖျော်ြေ ဖ တင်ဆက်ခဲ့ပါ တယ်။ အခုလို ချစ်ကြည်ရေးပွဲ ကစားခဲ့တာဟာ ၂၇ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအတွက် လှုံ့ဆော်ဂုဏ်ပြု တဲ့ အပြင် အောက် တိုဘာလ ၁၃ရက်နေ့ မှာကျရောက်မယ့် မြန်မာ့ရုပ်ရှင် နေ့ အထိမ်းအမှတ်ပွဲကြီးမှာ သက်ကြီးအနုပညာရှင်များကို ပူဇော်ကန်တော့တဲ့ ပွဲအတွက်လည်း ရန်ပုံငွေရှာတဲ့ အနေနဲ့ ကစားခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ပုံငွေဘောလုံး ပွဲမှာ ပါဝင်ကစားဖြစ်ခဲ့တဲ့ အနုပညာရှင် မိုးယံဇွန်က” အခုမှ မဟုတ်ပါဘူး။အရင်ကတည်းက သရုပ်ေ ဆာင် လော ကထဲကို ရောက်ကတည်း က အလှူတွေလုပ်ခဲ့တယ်။ခု မကြာခင်ကျရောက်တော့မယ့် သက်ကြီး ပူဇော်ပွဲ အတွက် ရန်ပုံငွေ ဘောလုံးပွဲလုပ်ပြီးတော့ ပါဝင် ခွင့်ရ တဲ့အတွက် ဝမ်းလည်း ဝမ်းသာတယ်။ပျော်လည်း ပျော်တယ်။ပြီးတော့ ကျွန်တော်ကိုယ် တိုင်လည်း ဝါသနာပါတဲ့ အားကစားတစ်ခုနဲ့ ကူဖြစ်ခဲ့ရ တဲ့အတွက် ပီ တိဖြစ်ရ ပါတယ်။ ဒီနှစ် သက်ကြီးပူဇော်ပွဲကိုလည်း စည်စည်ကားကား ဖြစ်စေချင် ပါတယ်။

အနုပညာလောက ထဲက ရုပ်ရှင်လောကသားတစ် ယောက်အနေနဲ့ သက်ကြီး ပူဇော်ပွဲကို ကိုယ်တတ်တဲ့ ပညာ နဲ့တော့ မဟုတ်ဘူး။ ကိုယ်ဝါ သနာပါတဲ့ အားကစားကနေရန်ပုံငွေပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီလောကမှာရှိတဲ့ အလွှာပေါင်း စုံက သူတွေအားလုံး တစ်စု တစ်ဝေးနဲ့ စည်စည်ကားကား လေးဖြစ်စေချင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး ကောင်းခန့်ရဲ့ ပီတိစကားကို လည်း မေးကြည့်ဖြစ်ခဲ့ရာ ကောင်းခန့်က” ခုလို ကျင်းပတဲ့ ပွဲမှာ ပါဝင်ပြီးတော့ ရလာတဲ့ ရန်ပုံငွေတွေနဲ့ ရုပ်ရှင်နေ့ပွဲ တော်ကြီးမှာ သက်ကြီးတွေ ကို ပူဇော်ရတဲ့အတွက် ဝမ်းသာပါ တယ်။ ပြောရမယ်ဆိုရင် ဒါက လည်း ကာယအလှူပဲပေါ့။ ကျွန်တော်ကတော့ ဒီအောက် တိုဘာ ၁၃ရက်နေ့မှာ ကျ ရောက်မယ့် ရုပ်ရှင် သက် ကြီး ပူဇော်ပွဲကြီးကို အကောင်းဆုံး နဲ့ အစည်ကားဆုံး ဖြစ်စေ ချင်ပါတယ်။သက်ကြီးတွေ အတွက် ဒီလို ပွဲလေးလုပ်ပေးတယ်။ အခုနှစ်ဆိုရင်လည်း သက်ကြီး ပူဇော်ခံပုဂ္ဂိုလ်တွေ ပိုများ လာတယ်။သူတို့အတွက် ဖြစ်စေ ချင်တဲ့ ဆန္ဒကတော့ အများကြီးပါပဲ” လို့ ပီတိစကားပြောပြခဲ့ပါ တယ်။ ဒီ့နောက် ဘောလုံးအား ကစားကို ဝါသနာပါသူတစ်ဦး ဖြစ်တဲ့ ကိုဇာနည်ကလည်း” အစ် ကိုတို့ရဲ့ ကာယလုပ်အားနဲ့ လုပ် ပေးခဲ့တဲ့ အထဲကနေ ခုလို သက်ကြီးပူဇော် ပွဲအတွက် လှူဒါန်း မယ်ဆိုတာ သိရတော့ ပီတိဖြစ် ရပါတယ်။မွန်လည်း မွန်မြတ် တယ်လို့ ခံစားရတယ်။ ခုလို သက်ကြီးပူဇော်ပွဲ ကိုတစ်နှစ် ထက်တစ်နှစ် ပိုပိုပြီးတော့ စည်စည် ကားကား ဖြစ်စေရင်တော့ ပိုကောင်းတာပေါ့နော် ။၁၂ရက်နေ့မှာ ကစားမယ့် ပွဲကလည်း ရန်ပုံငွေ ပွဲလေးပါပဲ။ နိုင်တာ၊ ရှုံးတာထက် အားလုံးက ကာယလုပ်အားနဲ့ လုပ်ကြတာ ပါ။ဒီအတွက်လည်း ပီတိဖြစ်ရ ပါတယ်” လို့ ရန်ပုံငွေပွဲကြီး ကန် ဖြစ်ခဲ့ခြင်းအပေါ် ပြောပြခဲ့ ပါတယ်။

သိမ့်သိမ့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်