Tuesday, October 15, 2013

နတ်ကြီးလေသလား မယ်စကြာဝဠာ

Posted by drmyochit Tuesday, October 15, 2013, under | No comments


အမေရိကန် အခြေစိုက် Miss Universe ပြိုင်ပွဲ ကျင်းပရေး အဖွဲ့မှ ၁၉၅၂ ခုနှစ်မှာ စတင် ကျင်းပခဲ့သည့် Miss Universe ပြိုင်ပွဲသို့ မြန်မာ ကိုယ်စားပြု အလှ မယ် စေလွှတ် ယှဉ်ပြိုင်မှုမှာ (၄) ကြိမ် မြောက်ဖြစ် ပါသည်။ ၁၉၅၉ ခုနှစ်မှာ (ဒေါ်) သန်းသန်းအေး၊ ၁၉၆၀ ပြည့်နှစ်မှာ (ဒေါ်) မြင့်မြင့်မေ (Miss Congeniality ဆုရှင် ) နှင့် ၁၉၆၁ ခုနှစ်မှာ (ဒေါ်) မြင့်မြင့်ခင် တို့က နိုင်ငံ ကိုယ်စားပြုကာ (၃)နှစ် ဆက်တိုတ် ယှဉ်ပြိုင်ခဲ့ ကြပြီးနောက် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာ သိမ်းချိန်မှ စကာ နှစ်ပေါင်း ၅၀ တင်းတင်း ကင်းကွာခဲ့သော ပြိုင်ပွဲကြီးလည်း ဖြစ်ကြောင်း မှတ်တမ်းများက ဆိုသည်။ ယခု အခါ မိုးစက်ဝိုင် က အောက်တိုဘာ ၁၆ ရက်နေ့မှာ ရုရှားနိုင်ငံသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်တော့မှာ ဖြစ်သည်

‘နှစ်ပေါင်း(၅ဝ) ကြာပြီး ပြန်ကျင်းပတဲ့ အကြီးကျယ်ဆုံး Miss Universe ပွဲကို ယှဉ်ပြိုင် ရမည့် မယ်ကို ဆောင်းပေးတဲ့ crown ဟာ အလွန်ကို နတ်ကြီးပါတယ် ၊ဆောင်း ပြီးသား crown ကိုပြန်ချွတ်ပြီး ပြန်ဆောင်းတယ် ဆိုတာ သူမလေး အတွက် နိမိတ် မကောင်းဘူးလို့  စိတ်ထဲမှာ ခံစားရပါတယ်။ ဒါကြောင့်လား မသိဘူး။ သူ့အတွက် လူပြောစရာ ဖြစ်လာပါတယ်’။ လုပ်ပွဲဟု ဆိုသံ၊ မိုးစက်ဝိုင်ကို ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်သံ၊ မိုးစက်ဝိုင်ကို ပရိသတ် အထင်လွဲစရာ သတင်း များစွာ ထွက်ပေါ်ခဲ့ခြင်း တို့ကို ရည်ညွှန်းကာ Miss Universe Myanmar 2013 ရွေးချယ် သရဖူဆု အပ်နှင်းစဉ်က အလွဲ တချို့ကို ‘ပွဲလုပ်ပြီးနောက် တစ်ရက်မှာ တက္ကသိုလ်များ ချန်ပီ ယံ ဘောလုံး ပွဲ ဖွင့်ပွဲမှာ သူ့ကို ဖလားကို သယ်ဆောင်ပေးဖို့ အားကစား ဝန်ကြီး ဌာနက အကူအညီ တောင်းတော့ ဘယ်သူမဆို လုပ်မှာပဲ။ အခုမြန်မာ ကိုယ်စားပြု ယှဉ်ပြိုင် ပြီး ပြန်လာတဲ့ ကလေးတွေလည်း သွားလုပ်ရမှာပဲလေ။ ဒီပွဲပြီးတော့ သူတအား အပြော ခံရတာ တွေ့ရတယ်။ အမြင် မကျယ်လို့ သာ လျှောက်ပြောနေတာ တိုင်းပြည် မှာ စစ် တောင် ဖြစ်တော့မယ့် ပမာပဲ။ မဖြစ်သင့်တဲ့ အရာတွေ ပဲ။ ဖိုးလပြည့် နဲ့ ပတ်သက်တဲ့ ကိစ္စမှာ သူ့အဘိုးကို မကြိုက်လို့ မိုးစက်ဝိုင် ကို ဝိုင်းပြောကြတယ်’။

မမီးငယ် (House of Memories)

“ကျွန်မ Miss တွေကိုကြည့်လိုက်တော့ Asia ကိုပဲကြည့်တာပါ။ Top ဖြစ်နေတဲ့ ဖိလစ်ပိုင်မယ် ပါမယ်။ ယိုးဒယားမယ် ပါမယ်။ ကိုရီးယားမယ် ပါမယ်။ အင်ဒိုနီးရှားမယ် ပါ မယ်။ သူတို့နဲ့ ယှဉ်လိုက်ရင် မိုးစက်ဝိုင်ရဲ့ မျက်နှာက သူတို့နဲ့ ယှဉ်နိုင် တယ်။ အရပ် အမောင်းလည်း ယှဉ်နိုင်တယ်။ စကား ပြောတာတွေ smart ဖြစ်ဖို့ လို တယ်။ မေး တဲ့မေးခွန်းတိုင်း ကို Point ကိုသိဖို့ လိုတယ်။ Miss World တို့ဘာတို့ သွားပြိုင်ပြီ ဆိုရင် သူတို့နိုင်ငံ အတွက် သူတို့ ကိုယ်စားပြုပြီး ပြိုင်တဲ့ အတွက် အကုန်လုံးက လှ တယ်။ ရွေးဖို့က ခက်ခဲလောက်အောင် လှကြတယ်။ သူတို့က ကလေးတွေရဲ့ ဥာဏ်ရည် ဥာဏ်သွေးနဲ့ ဘယ်လောက် ကျန်းမာ ကြံ့ခိုင်မှု ရှိလဲ၊ သူ့ရဲ့ အတွေး အခေါ်က ဘယ်လောက် မြင့်မားလဲ၊ တကယ် ကို သူ့နိုင်ငံ အတွက် ကိုယ် စားပြုနိုင် လောက်တဲ့ အရည်အချင်း ဘာရှိလဲ၊ အဲဒါတွေကို မိုးစက်ဝိုင် နားလည်ဖို့ လိုတယ်။ ဒီနိုင်ငံ မှာက အမြင် မ ကျယ် လို့ပြောကြ ဆိုကြတာ။ ဘာလို့ အမြင်မကျယ်လဲ ဆိုတော့ သူတို့မှာ ရရှိတဲ့ အခွင့်အရေးက မရှိခဲ့ဘဲနဲ့ မျက်စိပိတ်၊ နား ပိတ် ခဲ့တာ နှစ် ပေါင်း များစွာ ကြာနေ ပြီ။ အခုမှ စပွင့်တော့ သူတို့ နားမလည်နိုင်ဘူး။ အမြင် မကျယ်နိုင်ဘူး။ အဲဒါကို Miss Universe ပြိုင်မယ့် ကလေးမလေး က နား လည်ရမယ်။ ဒါက နားလည် ရမယ့် နံပါတ်တစ် အချက်” ဟု ပြိုင်ပွဲ ကျင်းပရာ အမျိုးသား က ဇာတ်ရုံမှာ ကိုယ်တိုင် ကိုယ်ကျ သွားရောက် အားပေးခဲ့သူ လည်းဖြစ်၊ ရုရှားနိုင်ငံ သို့ပင် လိုက်လံ အားပေးမည့် သူလည်း ဖြစ်သည့် (၁၉၉၄ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ မစ္စ ပြိုင်ပွဲတွေ မိတ်ဆက် ကျင်းပခဲ့သူ Miss Christmas ပြိုင်ပွဲ များကို စီစဉ် တင်ဆက်ခဲ့သူ) မမီးငယ် (House of Memories) ကဆိုသည်။ ဆက်လက်၍ Miss Universe ပြိုင် မည့် မြန်မာ ကိုယ်စားပြု အလှမယ် သတိပြုသင့်သည့် အချက်များ ကို တစ်ချက်ချင်း ရှင်းပြ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်