Tuesday, October 15, 2013

မူးယစ်ဆေးဝါးနှင့် ပတ်သက်တာ ၀င်ရှာရမှ ကျောက်အရိုင်းတုံး ပိသာ ၇၀၀ ကျော်တွေ့

Posted by drmyochit Tuesday, October 15, 2013, under | No comments


မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် ၊ ကန်ကောက်ရပ်ကွက်၊ ယာဉ်ပျံရပ် ၅၉*၆ဝကြား၊ ၃၀*၃၂ကြားရှိ ရတနာတိုင်းပြည်လုံးချင်း အိမ်ရာ နေအိမ်သို့ မူးယစ်ဆေးနှင့် ပတ်သက်၍ ရှာဖွေရာမှ ကျောက်အ ရိုင်းတုံး၉၀ အလေးချိန် ၇၂ရပိဿာ ၆ဝကျပ်သားတွေ့ရှိ သဖြင့် အိမ်ရှင် ဦး... အား (ပ)၄၃၅/၂၀၁၃၊ ကျောက် မျက် ဥပဒေ ပုဒ်မ၄၂(က) ဖြင့် ချမ်းအေးသာစံမြို့နယ် အ မှတ်(၃)နယ်မြေ ရဲစခန်းမှ အောက် တိုဘာ ၁၁ရက်တွင် အမှုဖွင့်အ ရေးယူထားကြောင်း သိရသည်။

ဦး... မှာ အမှတ်(၉) မြို့မရဲစခန်းမှ မယ(ပ)၁၉/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အရေးယူ ခံထားရပြီး မူးယစ်ဆေး မှုနှင့်ပတ်သက်၍ အောက်တိုဘာ ၁ဝရက်က မန္တလေးတိုင်းဒေသ ကြီး မှုခင်း အကူဌာနစိတ်မှ ရဲအုပ် ရဲမြင့်နှင့်အဖွဲ့က သက်သေများဖြစ် သော ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီ ရပ်ကွက် အကွက်မှူး ဦးမြင့်ထွန်း၊ အရှေ့ရပ်ကွက်အ ကွက်မှူး ဦးမင်းမင်း၊ အောင်မြေ သာစံမြို့နယ် အမရဋ္ဌာနေအရှေ့ ရပ်ကွက် အကွက်မှူး ဦးကိုကိုနိုင်၊ ကျောက်ကျွမ်းကျင်သူ ဦးခင်မောင် ဦးတို့နှင့်အတူ ဦး ....၏နေ အိမ်သို့ သွားရောက်ရှာဖွေခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံး ရဲမှူး(ရေး/ထောက်) ၏ မူးယစ်ဆေးဝင်ရောက်ရှာဖွေ ခွင့် ဝရမ်းအမှတ် ၆/၂၀၁၃ဖြင့် ဝင်ရောက်ရှာဖွေရာ ဦး...၏ နေအိမ်အောက် စတိုခန်းအတွင်းမှ တရားမဝင် ခရမ်းရောင်ကျောက် အရိုင်းတုံး ၇၄တုံး၊ အလေးချိန် ၅၉ပိဿာ၎ဝကျပ်သားခန့်၊ တရား မဝင် အနီရောင်ကျောက် အရိုင်းတုံး ၁၅တုံး၊ အလေးချိန်ရှစ်ပိဿာ နှင့် အိပ်ခန်းအတွင်းရှိ စားပွဲပေါ်မှ အပြာရောင်ကျောက်ရိုင်းတုံး တစ်တုံး အလေးချိန် ၃၅ကျပ်သား စုစုပေါင်း ရောင်စုံကျောက်အရိုင်း တုံး၉၀ အလေးချိန်ရ၂ရပိဿာ ၆၀ ကျပ်သား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
By Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်