Tuesday, October 15, 2013

ဟော်လန်၏ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ဗန်ပါစီ ရပ်တည်

Posted by drmyochit Tuesday, October 15, 2013, under | No comments


ဟော်လန်တိုက်စစ်မှူး ဗန်ပါစီမှာ ဟန်ဂေရီကို (၈-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ဟက်ထရစ်

သွင်းယူနိုင်ခဲ့သောကြောင့် ကလွိုက်ဗက်၏ ဂိုးသွင်းအများဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ ဗန်ပါစီမှာ အဆိုပါပွဲစဉ်မတိုင်မီ ဟော်လန်အသင်းအတွက် စုစုပေါင်း(၃၈)ဂိုး သွင်းယူပေးထားခဲ့ပြီး ဟန်ဂေရီ ဘက်သို့ ဟက်ထရစ် သွင်းနိုင်ခဲ့ပြီးနောက် (၄၁)ဂိုးဖြင့် ကလွိုက်ဗက်၏ ဂိုး(၄၀)စံချိန်ကိုကျော်တက်နိုင် ခဲ့ခြင်းဖြစ်သည်။

သို့သော် ဗန်ပါစီက ဟန်ဂေရီနှင့်ပွဲတွင် ကလွိုက်ဗက်၏စံချိန်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု ထင်မှတ် မထားကြောင်း ၀န်ခံသွားခဲ့သည်။ “ ခြေချောင်းဒဏ်ရာ သက်သာလာတာ မကြာသေးတဲ့အတွက် ဒီပွဲမှာ တစ်နာရီလောက် ကစားဖို့ကိစ္စကို ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးခဲ့ရပါတယ်။ ပွဲချိန်(၅)မိနစ်အတွင်းမှာ ဘောလုံးနှစ်လုံး ဆုံးရှုံးခဲ့တဲ့အတွက် ကျွန်တော် မပျော်မရွင် ဖြစ်ခဲ့မိပြီး နောက်(၅)မိနစ်လောက် ကြာတဲ့ အချိန်မှာတော့ ကျွန်တော်တို့ တစ်သင်းလုံး ခြေစွမ်းပိုကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ အခုပွဲမှာ ကလွိုက် ဗက်ရဲ့ စံချိန်ကို ချိုးနိုင်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ထားခဲ့ပါဘူး”ဟု ဗန်ပါစီက ပြောခဲ့သည်။

ရိုးရာလေး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်