Tuesday, October 15, 2013

ထိပ်တန်းနေရာမှာ အမျိုးသမီး နည်းပါးမှုအပေါ်လေဘာဝေဖန်ခံရ

Posted by drmyochit Tuesday, October 15, 2013, under | No comments


သြစတြေးလျနိုင်ငံ ​အဓိက ​အတိုက်အခံပါတီအတွင်း ​ပြီးခဲ့တဲ့ ​ရက်ပိုင်းကပဲ ​ခေါင်းဆောင်သစ် ​ရွေးချယ် တင်မြောက်မှုတွေပြုလုပ်ခဲ့ပြီးတော့ ​ပါတီအတွင်း ​ထိပ်တန်းနေရာတွေမှာ ​အမျိုးသမီး ​ပါဝင်မှုနည်းတဲ့အတွက် ​ဝေဖန်မှုတွေခံနေရပါတယ်။

လေဘာပါတီခေါင်းဆောင်ဖြစ်လာတဲ့ ​Bill ​Shorten ​က ​အမျိုးသမီးတွေကို ​အလေးထားတဲ့အနေနဲ့ ​သူတို့ ပါတီအတွင်း ​ရှေ့တန်းကဦးဆောင်ရမဲ့ ​အခန်းကဏ္ဍတွေမှာ ​အမျိုးသမီးဝန်ကြီး ​၁၁ဦး ​ပါဝင်ထည့်သွင်း ထားတယ်လို့ ​ဆိုပေမယ့် ​လေဘာပါတီအမတ်ဖြစ်တဲ့ ​Anna ​Burke ​ကတော့ ​ရှေ့တန်းမှာ ​တာဝန်ယူ တဲ့နေရာတွေမှာ ​အမျိုးသားတွေပဲ ​များနေတယ်လို့ ​ဝေဖန်ထားပါတယ်။

တဆက်တည်းမှာပဲ ​လေဘာပါတီခေါင်းဆောင်သစ် ​Bill ​Shorten ​ဟာ ​သူ့ရဲ့လက်ထက်အတွင်း ​ကာပွန် အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီးတော့ ​ပိုမိုခိုင်မာအောင်လုပ်ဆောင်သွားဖို့ရှိတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ​လက်ရှိအာဏာရအစိုးရဖက်ကတော့ ​အရင် ​လေဘာပါတီအစိုးရလက်ထက်ကလုပ်ခဲ့တဲ့ ​ကာပွန် အခွန်ကောက်ခံမှုကို ​ပယ်ဖျက်ဖို့ ​ကြိုးစားနေပြီး ​လာမယ့် ​ဇွန်လိုင်လ ​လွှတ်တော်အပြောင်းအလဲကို ​စောင့်မနေတော့ပဲ ​အလျှင်စလို ​အကောင်အထည်ဖော် ​ဆောင်ရွက်သွားချင်တယ်လို့ ​သြစတြေးလျနိုင်ငံ ​၀န်ကြီးချုပ် ​Tony ​Abbott ​ကပြောပါတယ်။

ABC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်