Tuesday, October 15, 2013

“ကိုရီးယားမှာ ကြော်ငြာ သွားရိုက်မယ့် ခင်လပြည့်ဇော် ရဲ့ မွန်မြတ်တဲ့ အလှူ”

Posted by drmyochit Tuesday, October 15, 2013, under | No comments


Miss Tourism Queen International 2013 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် Miss Personality ဆုကို ဆွတ်ခူး ရရှိခဲ့တဲ့ ခင်လပြည့်ဇော်က မိသားစုနဲ့ အတူ အောက်တိုဘာလ ၁၁ ရက်နေ့၊ နေ့ခင်း ၂နာရီက “ဆည်းဆာရိပ်” ဂိလာန ဘိုးဘွား ရိပ်သာနှင့် သုခရိပ်မြုံ မိဘမဲ့ဂေဟာကို အစားအသောက် မုန့်တွေ သွားရောက် လှူဒါန်း ခဲ့ပါတယ်။ အခုလိုမျိုး ကိုယ်တိုင်သွားရောက် လှူဒါန်းဖြစ်ပုံကိုလည်း ခင်လပြည့်ဇော်က “အခုလိုမျိုး လှူရတဲ့ အတွက်လည်း တအားကို ပီတိဖြစ်ရတယ်။ လပြည့် အစား အသောက်တွေ လှူတဲ့အခါမှာလည်း ဘိုးဘွားတွေ အတွက် ကြာဆံကြော်ကို ကိုယ်တိုင် အိမ်မှာ မေမေနဲ့ အတူ ဝိုင်းကူပြီး တော့လုပ်တယ်။ လှူတဲ့အခါမှာ လည်း ကိုယ့်ရဲ့ လုပ်အားပါ ပါတဲ့အတွက် ရင်ထဲမှာ တကယ်ကို အတိုင်း မသိ ပီတိဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ခင်လပြည့်ဇော်က Miss Tourism Queen International 2013 ပြိုင်ပွဲက ပြန်လာပြီး ကတည်းက အနုပညာ အလုပ်တွေ ကိုတောက်လျှောက် လုပ်ဖြစ် နေတယ် လို့ သိရပါတယ်။ နိုဝင်ဘာလ ထဲမှာလည်း ကိုရီးယား နိုင်ငံမှာ ကြော်ငြာ သွားရောက် ရိုက်ကူးဖို့ အစီအစဉ် ရှိတယ်လို့ ခင်လပြည့်ဇော်က ပြောပါတယ်။ “ကိုရီးယား နိုင်ငံ မှာကြော်ငြာ သွားရိုက်ဖို့က လပြည့် တရုတ်မှာ သွားပြီး မပြိုင်ခင် ကတည်းက ရိုက်ပေးဖို့ လပြည့်ကို ကမ်းလှမ်းထားတယ်” လို့ ဆရာ ဂျွန်လွင် က ပြောပါတယ်။ အဲဒီမှာ ပထမက အောက်တိုဘာ ၅ ရက်နေ့ ကတည်းက ရိုက်ဖို့ ပြောထားတာ။ “လပြည့်က ၃ရက်နေ့မှ တရုတ် နိုင်ငံ ကပြန်ရောက် တော့ အစီအစဉ် အရ ဗီဇာ ဝင်တာတွေ အချိန် မရဘူး ဖြစ်သွားတယ်။ ကိုရီးယားမှာ သွားရိုက် ပေးရမယ့် ကြော်ငြာကလည်း SKUကျောင်း ကြော်ငြာ ရိုက်ပေးရမှာ။ ကိုရီးယားက ဒါရိုက်တာတွေ နဲ့ ရိုက်ရမှာ အဲဒီ အ တွက် ကိုယ့်ဘက်က လည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားမှာပါ” လို့ပြော ပါတယ်။

လွင်လွင်ထွန်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်