Tuesday, October 15, 2013

ကန်ဘဏ္ဍာရေးပြဿနာ မဖြေရှင်းနိုင်သေး

Posted by drmyochit Tuesday, October 15, 2013, under | No comments


အမေရိကန်နိုင်ငံမှာ ​အဓိကပါတီနှစ်ခုကြား ​သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ​အစိုးရအသုံးစရိတ် ဆိုင်ရာ ​အငြင်းပွားမှုဖြစ်နေပြီး ​ဘဏ္ဍာရေးနှစ်အတွက်အသုံးစရိတ်တွေ ​မသတ်မှတ်နိုင်သေးတဲ့ ပြဿနာဟာ ​မကြာခင်မှာ ​ပြီးဆုံးသွားမယ်လို့ ​ပြောဆိုသံတွေ ​ထွက်ပေါ်လာပေမယ့် ​အမေရိကန် သမ္မတ ကတော့ ​တကယ် တိုးတက်မှုရှိမရှိဆိုတာကို ​စောင့်ကြည့်ရမယ်လို့ ​ပြောလိုက်ပါတယ်။

သမ္မတဘားရက်အိုဘားမားက ​ဆီးနိတ်လွှတ်တော်အတွင်းမှာ ​တိုးတက်မှုတွေ ရှိနေပေမယ့် တကယ် တိုးတက်မှု ရှိမရှိဆိုတာကို ​စောင့်ကြည့်နေတယ်လို့ ​ပြောလိုက်ပါတယ်။

အမေရိကန် ​ဘတ်ဂျက် ​ဥပဒေပြဿနာကြောင့် ​အစိုးရဌာနတချို့ ​ပိတ်ချထားရပြီး ​သိန်းနဲ့ချီတဲ့ ​အစိုးရအမှု ထမ်းတွေ ​အလုပ်လက်မဲ့ ​ဖြစ်နေရပါတယ်။

ဒီလိုပြဿနာကြောင့် ​အမေရိကန်လွှတ်တော်အမတ်တွေအပေါ် ​ဆန့်ကျင်တဲ့ ​ဆန္ဒပြမှုတွေလည်း ​ဖြစ်ပေါ်နေ ပါတယ်။

အမေရိကန်နိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြဿနာကြောင့် ​အမေရိကန်​ဒေါ်လာ ​ဈေးနှုန်းတွေ ​တဖြေးဖြေးကျဆင်းမယ့် အနေအထားရှိနေပြီး ​သြစတြေးလျဒေါ်လာဈေးနှုန်း ​မြင့်တက်လာနိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

ခုအချိန်မှာ ​သြစတြေးလျဒေါ်လာဈေးနှုန်း ​မြင့်တက်နေပြီး ​အမေရိကန်နိုင်ငံက ​ပြဿနာမဖြေရှင်းနိုင်ရင် ​ဒိထက်မက ​မြင့်တက်လာနိုင်တယ်လို့ ​စီးပွားရေးသုံးသပ်သူတွေက ​ခန့်မှန်းထားပါတယ်။

ABC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်