Tuesday, October 15, 2013

ကမ္ဘာ့ဖလားခြေစစ်ပွဲ အင်္ဂလန်တိုက်ရိုက်အောင်မြင်နိုင်ဖို့ အုပ်စုနောက်ဆုံးပွဲပိုလန်ကို နိုင်မှရမည်

Posted by drmyochit Tuesday, October 15, 2013, under | No comments


ဝင်ဘလေကွင်းတွင် ကစားမည့်ပွဲစဉ်အား ပိုလန်ပရိသတ် (၁၈၀၀၀)ထိ လာရောက်အားပေးမည် ဖြစ်သည့်အတွက်ပိုလန်အသင်း စိတ်ဓာတ်ပိုင်း တက်ကြွနေလိမ့်မည်ဟု အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်က သုံးသပ်ခဲ့သည်။ 

အဆိုပါပွဲစဉ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ဆုံးခြေစစ်ပွဲစဉ်ဖြစ်ပြီး အင်္ဂလန်အနေဖြင့် ပိုလန်ကို အနိုင်ရပါမှ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ ယင်းပွဲစဉ်အတွက် ပိုလန်ဘောလုံးအဖွဲ့ချုပ်က လက်မှတ် (၈၀၀၀)သာ တောင်းဆိုခဲ့သော်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပိုလန် ပရိသတ် များအား လက်မှတ်(၁၈၀၀၀) ခွဲတမ်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဟော့ဒ်ဆန်က “ပရိသတ်မပါဘဲ ကစားရတာထက် ပရိသတ်(၁၈၀၀၀)ရှေ့မှာ ကစားရတာကို ပိုလန်အသင်း ပိုကြိုက်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အင်္ဂလန်မှာနေတဲ့ ပိုလန်တွေ အများကြီး ရှိတဲ့အတွက် အက်ဖ်အေကသာ အခုလို လက်မှတ်ခွဲတမ်းမချဘူးဆိုရင် လုံခြုံရေးပြဿနာတွေ ပိုရှုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ ၆၀၀၀၀နဲ့ ၂၀၀၀၀ဆိုတဲ့ အချိုးက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ သူတို့အသင်းကိုလည်း ကျွန်တော် မကြောက်ပါဘူး”ဟု ပြောခဲ့သည်။

ထို့အပြင် ဟော့ဒ်ဆန်က မိမိတို့အနေဖြင့် ပရိသတ်အင်အား တောင့်တင်းသည့်အသင်းများနှင့် ယှဉ်ပြိုင်နေ ကြဖြစ်ကြောင်း၊ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မည်ဟု ယုံကြည်ထားကြောင်း ဖွင့်ဟခဲ့သည်။ သို့သော် ဟော့ဒ်ဆန်မှာ ပိုလန်နှင့် ကစားမည့်ပွဲစဉ်အတွက် ပွဲထွက်ကစားသမားစာရင်း ထုတ်ပြန်ခြင်းမရှိသည့်အပြင် ကစားသမားများကိုလည်း ပွဲထွက်ကစားသမားစာရင်းအား အသိပေးခြင်းမရှိသေးကြောင်း သိရသည်။

zaw zaw tun
By ရိုးရာလေး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်