Thursday, July 05, 2012

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ၏ အရည်အချင်းများ

Posted by drmyochit Thursday, July 05, 2012, under | No comments




(က)နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိသူဖြစ်ရမည်။

(ခ)မိမိနှင့်မိမိ၏မိဘနှစ်ပါးလုံးနိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌မွေးဖွားသော တိုင်းရင်းသားမှ   ဖြစ်သည့်   မြန်မာနိုင်ငံသားဖြစ်ရမည်။

(ဂ)ရွေးချယ်တင်မြှောက်ခြင်းခံရသူသညအနည်းဆုံးအသက်၄၅နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင် များရှိရမည်။

(င)သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံး အနှစ်၂၀   နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့်နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလ အဖြစ်ထည့် သွင်းရေတွက်ရမည်။

(စ)မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး   (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ထိုတရားဝင်    သားသမီးတစ်ဦးဦး၏ဇနီး(သို့မဟုတ်)ခင်ပွန်းသော်လည်းကောင်း၊နိုင်ငံခြားအစိုးရ၏   ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ(သို့မဟုတ်)   တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက် ခံဖြစ်သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကိုခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ။

(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက်သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့် လည်းပြည့်စုံရမည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်