Thursday, July 05, 2012

ယူအေအီးနိုင်ငံသည် ၎င်း၏ တပ်မတော်အတွင်း၌ ကိုလံဘီယာတပ်ဖွဲ့ဝင် ၃ဝဝဝ အား တာဝန်ပေးအပ်သွားရေး တိုးမြှင့် လုပ်ဆောင်လျက်ရှိခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


ယူအေအီးနိုင်ငံသည် ၎င်း၏တပ်မတော်အတွင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ကိုလံဘီယာ တပ်ဖွဲ့ဝင် အရေအတွက်အား မူလကရှိပြီးဖြစ်သည့် ၈၄၂ ဦးမှ ၃ဝဝဝ ဦးအထိ တိုးမြှင့်တာဝန် ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဇူလိုင်လ ၄ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ ယူအေအီးနိုင်ငံသည် ၎င်း၏တပ်ဖွဲ့ဝင်များအား အထောက်အကူများရရှိစေရေးအတွက် ကိုလံဘီယာ တပ်ဖွဲ့ဝင်များအား တာဝန်ပေးအပ်ထားခြင်းဖြစ်ပါသည်။ ယူအေအီးနိုင်ငံအနေဖြင့် ကိုလံဘီယာ တပ်ဖွဲ့ဝင်များ အား၎င်းတို့ နိုင်ငံတွင် ရရှိသည့် လစာထက် ၁ဝ ဆ ပေးအပ်သွားမည်ဟု စည်းရုံးကမ်းလှမ်းထားကြောင်းနှင့် ကိုလံဘီယာတပ်ဖွဲ့ဝင် များသည် စစ်ပွဲအတွေ့အကြုံ များသည့်အတွက် ထိုကဲ့သို့ ရွေးချယ်တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကိုလံဘီယာနိုင်ငံ၏ ထိပ်တန်း အဆင့်မြင့်အရာရှိများကမူ ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ယူအေအီးနိုင်ငံက စည်းရုံးခေါ်ယူမှုကို မကျေနပ်ကြဘဲ အတွေ့အကြုံရှိ သည့်အရာရှိ၊ စစ်သည်များ ဆုံးရှုံးမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်