Thursday, July 05, 2012

NATO အဖွဲ့သည် မြေထဲပင်လယ် အရှေ့ပိုင်းဒေသတွင် ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ မစ်ရှင်တစ်ရပ် အား စတင်လုပ်ဆောင် သွားမည်ဟုဆို

Posted by Anonymous Thursday, July 05, 2012, under | No comments

NATO အမှတ်(၂)အမြဲတမ်းပင်လယ်ရေကြောင်းအဖွဲ့ (SNMG 2) သည်မြေထဲပင်လယ်အရှေ့ပိုင်း ဒေသ၏ ပင်လယ်ရေကြောင်းသွားလာမှုအားစောင့်ကြည့်ရန် မစ်ရှင်တစ်ရပ် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့၏ ဂျာမနီနိုင်ငံဆိုင်ရာ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Thorsten Kahler က ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ SNMG 2 တွင် လက်ရှိအားဖြင့် ဂျာမနီ၊ ပြင်သစ်နှင့် တူရကီနိုင်ငံတို့မှ ဖရီးဂိတ် များပါဝင်ပြီး ၎င်း၏ပုံမှန်အလည်အပတ် ခရီးစဉ်အားဖြင့် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ဆိုက်ကပ်ထား ပါသည်။ SNMG သင်္ဘောအုပ်သည် ၎င်းမစ်ရှင် မစတင်မီအချိန်တွင် တူရကီနိုင်ငံ၌ ၃ ရက်ကြာ နေထိုင်သွားမည် ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ အပြန်အလှန် အမြင်ချင်း ဖလှယ်မှုများ လုပ်ဆောင်ရန်အတွက် စစ်ဘက်တာဝန်ရှိ သူများအပါအဝင် တူရကီတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း

ဗိုလ်ချုပ်ကြီး Kahler ကပြောကြားခဲ့ပါသည်။ ဂျာမနီ၊ ဂရိ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ တူရကီ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံ တို့သည် SNMG  2 အား အမြဲတမ်း ထောက်ကူသည့် နိုင်ငံများဖြစ်ပြီး SNMG  2 သည် မြေထဲ ပင်လယ်အတွင်းတွင် အမြဲတမ်း တပ်ဖြန့်ချထားသည့် အဖွဲ့ဖြစ်ပါသည်။ SNMG  2  သည်မြေထဲပင်လယ် အရှေ့ပိုင်းဒေသတွင် လာမည့် နိုဝင်ဘာလအထိ ကင်းလှည့်မှု ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်