Thursday, July 05, 2012

တရုတ်နှင့်ပေါ်တူဂီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


          ပေါ်တူဂီ နိုင်ငံခြားရေးဝန်ကြီး ပူလိုပေါ်တာ့သည် တရုတ်နိုင်ငံသို့ ဇွန်လ ၃ဝ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ အလည်အပတ် ရောက်ရှိနေပြီး ဇူလိုင်လ ၃ ရက်နေ့တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးအားလည်း အလေးထား ပါကြောင်းနှင့် တရုတ်-ဥရောပသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် မျှော်လင့်ပါကြောင်း ယန်ကျိချီကပြောကြား ခဲ့ပါသည်။ပေါ်တူဂီနိုင်ငံ အနေဖြင့်လည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအားကြိုဆိုပါကြောင်း၊ နှစ်နိုင်ငံကျယ်ပြန့်သည့် မဟာဗျူဟာ ဆက်ဆံရေး မြှင့်တင်ခြင်းအားဖြင့် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး အခြေအနေများ တိုးမြင့်လာစေရန် ဆန္ဒရှိပါကြောင်း ပေါ်တာ့က ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အနေဖြင့် ဥရောပစီးပွားရေး အကျပ်အတည်းနှင့် အနာဂတ်ဖြစ်နိုင်ဖွယ် ကိစ္စရပ်များ အပေါ်တွင်လည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်