Thursday, July 05, 2012

ဂရိနှင့် ဘူလ်ဂေးရီးယားတို့ သည် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်ရန် သဘောတူညီခဲ့ကြခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


ဂရိနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် ဘူလ်ဂေးရီးယားသမ္မတ Rosen Plevneliev ၏ ဂရိနိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်ခရီးစဉ် အတွင်းတွင် စွမ်းအင်ကဏ္ဍအား အလေးထား၍ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုများကို တိုးမြှင့်ရန် ဇူလိုင်လ ၄ ရက်နေ့က သဘောတူညီခဲ့ကြသည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည်။ ဂရိနိုင်ငံသည် ၂ဝဝ၉ ခုနှစ်မှစ၍ စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်ခဲ့သော ၂ဝ၁ဝ ခုနှစ်နှင့် ၂ဝ၁၁ ခုနှစ်အား နှိုင်းယှဉ်ကြည့်လျှင် အပြန်အလှန်ကုန်သွယ်မှု ၁၈ ရာခိုင်နှုန်း ယူရိုငွေ ၂.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဘီလီယံ) တိုးတက်ခဲ့ကြောင်းနှင့် ဂရိကုမ္ပဏီများသည် ဘူလ်ဂေးရီးယား၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများတွင် အများဆုံးဖြစ်ကြောင်းကို သမ္မတ Karolos Papoulis ကပြောကြားခဲ့ပါသည်။ 

ဂရိ၏ ကြွေးမြီးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဘူလ်ဂေးရီးယား၏ ထောက်ကူပေးမှုသည် စီးပွားရေး အကျပ်အတည်းအား ရင်ဆိုင်ဖြေရှင်းရန်နှင့် ဥရောပစီးပွားရေးအား မတည်မငြိမ်ဖြစ်စေနိုင်သော ဖရိုဖရဲ အခြေအနေတစ်ရပ်အားရှောင်ရှားရန် တို့အတွက်ဖြစ်ကြောင်း Plevneliev  ကပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုများကို ဥရောပသမဂ္ဂအတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကောင်းဆုံး ဥပမာတစ်ရပ် အဖြစ် ဖော်ပြခဲ့ကြသည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်