Thursday, July 05, 2012

ဂျပန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ငါးဖမ်းသင်္ဘောအား အန္တရာယ်မပြုရန် တရုတ်နိုင်ငံကတိုက်တွန်းပြောကြားခဲ့ခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် အရှေ့တရုတ် ပင်လယ်ပြင်ရှိ Diaoyu ကျွန်းစုအနီးသို့ ရောက်ရှိနေသော ထိုင်ဝမ် ငါးဖမ်းသင်္ဘောတစ်စီးနှင့် အဆိုပါ သင်္ဘောပေါ်တွင်ပါရှိသော တရုတ်လူမျိုး ၉ ဦးတို့၏ အသက်အန္တရာယ် ဖြစ်စေမည့် ပြုမူလုပ်ဆောင်ချက်မျိုး မပြုလုပ်ရန် တရုတ်နိုင်ငံက ဂျပန်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူဝေမင်းက ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ထိုင်ဝမ်ကမ်းခြေစောင့် အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများက ၎င်းသင်္ဘောနှင့် သင်္ဘောပေါ်တွင် ပါရှိသူများအားကာကွယ်ရန် ကင်းလှည့်ရေယာဉ် ၅ စီးစေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Diaoyu  ကျွန်းများနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ကျွန်းများသည် ယခင်ကတည်းက တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်ကြောင်း၊ ၎င်းကျွန်းများအပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာခိုင်မာစွာ တည်ရှိစေရန် လိုအပ်သည့် အချက်များကို  ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း လူဝေမင်းက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်