Thursday, July 05, 2012

ပါလက်စတိုင်းသမ္မတ မာမွတ်အဘာ့စ်သည် ပြင်သစ်နိုင်ငံတွင် ဟီလာရီကလင်တန်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဟုဆို

Posted by Anonymous Thursday, July 05, 2012, under | No comments


ပါလက်စတိုင်းသမ္မတ မာမွတ်အဘာ့စ်သည် အစ္စရေးနှင့် ပါလက်စတိုင်းအကြားငြိမ်းချမ်းရေးဆွေးနွေးပွဲများပြန်လည် စတင်နိုင်ရေးအတွက် အရေးပါသည့်ဆွေးနွေးပွဲများ ကျင်းပရန် ဇူလိုင်လ ၅ ရက်နေ့တွင်ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ပါလက်စတိုင်းစေ့စပ်ညှိနှိုင်းရေးမှူးချုပ် ဆာအက်အီရီကတ်က ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မာမွတ်အဘာ့စ်သည် အဆိုပါ ၂ ရက်ကြာအလည်အပတ် ခရီးစဉ်တွင် ဇူလိုင်လ ၅ ရက်နေ့၌ ပြင်သစ်သမ္မတ ဟော်လန်ဒီ၊ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့်လုံခြုံရေး မူဝါဒဆိုင်ရာ မဟာမင်းကြီးကက်သရင်းအက်ရှ်တန်၊ဗြိတိန်နှင့်နော်ဝေနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင်တွေ့ဆုံပြီးနောက် ဇူလိုင်လ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ မာမွတ်အဘာ့စ်၏ အလည်အပတ်ခရီးစဉ်သည် ၁၉၉၃ ခုနှစ်မှစ၍ အစ္စရေးတွင် အကျဉ်းကျခံနေသည့် ပါလက်စတိုင်း အကျဉ်းသားများပြန်လွှတ်ပေးရေးနှင့် ပတ်သက်၍ အစ္စရေးနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးရန်ကြိုးပမ်းသည့်အနေဖြင့် သွားရောက်ခြင်းဖြစ်ပြီး ပါလက်စတိုင်း အမျိုးသားအာဏာပိုင် အဖွဲ့ (PNA) အနေဖြင့် ဘဏ္ဍာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရမှု ကိုလည်း အဆိုပါဆွေးနွေးမှုများတွင် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်