Thursday, July 05, 2012

အီရန်၏ ဒုံးပျံများသည် ဒေသတွင်းနိုင်ငံများရှိ အမေရိကန် စစ်အခြေစိုက်စခန်းများအား ပစ်ခတ် နိုင်စွမ်းရှိသည်ဟုဆို

Posted by Anonymous Thursday, July 05, 2012, under | No comments


အီရန်နိုင်ငံ၏ ဒုံးပျံများသည်ဒေသတွင်းနိုင်ငံများရှိ အမေရိကန် စစ်အခြေစိုက် စခန်းများအားလုံးသို့ရောက်ရှိ ပစ်ခတ်နိုင်စွမ်းရှိပြီး အစ္စရေးနိုင်ငံသို့ အလွယ်တကူရောက်ရှိပစ်ခတ်နိုင်ကြောင်း အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့လေကြောင်းဆိုင်ရာ တပ်ဖွဲ့မှူး ဗိုလ်မှူးချုပ် အမာအလီဟာဂျီဇာဒက်က ဇူလိုင်လ ၄ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ ဗိုလ်မှူးချုပ် ဟာဂျီဇာဒက်က မကြာမီကပြုလုပ်ခဲ့သော  " Great Prophet 7 " အမည်ရှိ အီရန်စစ်ရေး လေ့ကျင့်မှုတွင် ပစ်မှတ်တစ်ခုအား နေရာပေါင်းစုံရှိ ဒုံးပျံစခန်းများမှ ထိရောက်အောင် ပစ်ခတ်လေ့ကျင့်ခဲ့သည့်အတွက် ယခင်လေ့ကျင့်ခန်းများနှင့် ကွာခြားကြောင်းပြောကြားခဲ့ပါသည်။ ထို့အပြင် အီရန်ဥပဒေပြု အမတ်တစ်ဦးဖြစ်သူ မန်ဆာဟာကီကတ်ပူအာကလည်း ပါရှန်ပင်လယ်ကွေ့ အတွင်းတွင် အနောက်အုပ်စု စစ်သင်္ဘောများရှိနေခြင်းသည် ဒေသတွင်း လုံခြုံရေးအား အန္တရာယ်ရှိကြောင်း၊ အီရန်နိုင်ငံသည် ပါရှန် ပင်လယ်ကွေ့ ဒေသတွင်းနိုင်ငံများရှိ အနောက်အုပ်စု၏ စစ်စခန်းများကို အနီးကပ်စောင့် ကြည့်နေကြောင်း၊ အီရန်၏ဒုံးပျံများသည်ဒေသတွင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို ပစ်ခတ် နိုင်စွမ်းရှိသောကြောင့် ပါရှန်ပင်လယ်ကွေ့၊ဟော်မုဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်တို့၏ လုံခြုံရေးအား နှောင့်ယှက်သော မည်သည့် အင်အားကြီး နိုင်ငံမဆို ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရ လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်