Thursday, July 05, 2012

ပါကစ္စတန်နှင့် တောင်ဆူဒန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


          ပါကစ္စတန်နိုင်ငံသို့ အလည်အပတ် ခရီးရောက်ရှိနေသော တောင်ဆူဒန် နိုင်ငံခြားရေးဝန်ကြီး နီယယ်ဒန်နီယယ်သည် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဟီနာရတ်ဘာနီခါနှင့် ဇူလိုင်လ ၃ ရက်နေ့က အစ္စလာမ် မာဘတ်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်ဆောင် သွားမည်ဟု ကတိပြုခဲ့ပါသည်။ ဒန်နီယယ်၏ ခရီးစဉ်သည် တောင်ဆူဒန်နိုင်ငံ ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် သီးခြား လွတ်လပ်သော နိုင်ငံဖြစ်လာချိန်မှစ၍ ပါကစ္စတန်နိုင်ငံသို့ပထမဆုံးအကြိမ် လာရောက်သည့်ခရီးစဉ်ဖြစ်ပါသည်။တောင်ဆူဒန်နိုင်ငံနှင့်ဆူဒန်နိုင်ငံတို့သည် နှစ်နိုင်ငံကြားဖြစ်ပေါ်နေသောပြဿနာရပ်များအား အာဖရိကသမဂ္ဂ အဆင့်မြင့် အကောင်အထည်ဖော်ရေး အဖွဲ့ (AUHIP) နှင့် ၂ဝဝ၅ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်၏ မူဘောင်အတွင်းမှဖြေရှင်းဆောင်ရွက် နိုင်မည်ဟုမျှော်လင့်ကြောင်း ရတ်ဘာနီခါကပြောကြားခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံ အနေဖြင့် တောင်ဆူဒန်နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးနှင့် သံတမန်ရေးဆိုင်ရာ ကိစ္စရပ်များတွင် လေ့ကျင့်ပေးရန် ကမ်းလှမ်းခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်