အမေရိကန်နှင့် ပါကစ္စတန နိုင်ငံခြားရေး ဝန်ကြီးများသည်
ဇူလိုင်လ ၃ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ် ညှိနှိုင်းခဲ့ပြီးနောက် ပါကစ္စတန် နိုင်ငံအနေဖြင့်
NATO တပ်ဖွဲ့မြေပြင်ထောက်ပံ့ရေး လမ်းကြောင်းအားပြန်လည်ဖွင့်လှစ်ပေးရန် သဘောတူခဲ့ကြောင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။
အမေရိကန် နိုင်ငံအနေဖြင့် NATO တပ်ဖွဲ့၏
လေကြောင်း တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သည် ၂၄ ဦး သေဆုံးခဲ့ရမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ထိုကဲ့သို့ ဖြစ်စဉ်များ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရေးအတွက် ပါကစ္စတန်၊
အာဖဂန်နစ္စတန် နိုင်ငံတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက် သွားရန်ကတိပြုကြောင်း ဟီလာရီကလင်တန်က
ပြောကြားခဲ့ပါသည်။ ဟီလာရီကလင်တန် သည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Khar နှင့်
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး၊ အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးနှင့်
တည်ငြိမ်ရေးအတွက် အထောက်အကူပေးရေး၊ ပြန်လည်ပေါင်းစည်းရေး အတွက်ကြိုးပမ်းရေး အပါအဝင်
အမေရိကန်နှင့် ပါကစ္စတန်နိုင်ငံအကြား အကျိုးစီးပွား ဖလှယ်ရေး ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်း
သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment