Thursday, July 05, 2012

ရေနံတင်ပို့ခြင်း အပေါ်ရေးယူ ပိတ်ဆို့မှုနှင့်ပတ်သက်၍ အီရန်နိုင်ငံက ပြစ်တင်ပြောကြားခဲ့ခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


အီရန်နိုင်ငံ၏ ရေနံတင်ပို့ခြင်းအပေါ် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အီရန် တာဝန်ရှိသူများက တူရကီနိုင်ငံတွင် ဇူလိုင်လ ၃ ရက်နေ့ကကျင်းပပြုလုပ်သည့် ကျွမ်းကျင်သူများအဆင့် နျူကလီးယားဆွေးနွေးပွဲ၌ပြစ်တင်ပြောကြားခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။ အနောက်နိုင်ငံများ၏ အဆိုပါအရေးယူ ပိတ်ဆို့မှုများသည် အင်အားကြီးနိုင်ငံများနှင့် အီရန်နိုင်ငံအကြား နျူကလီးယားဆွေးနွေးမှုအပေါ် အပျက်သဘော ဆောင်သောလုပ်ရပ်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ရာမင်မီမန်ပါရတ်စ် ကပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းအရေးယူ ပိတ်ဆို့မှုများသည် အီရန်နိုင်ငံနှင့် နျူကလီးယားဆိုင်ရာ အခွင့်အရေးအပေါ် ဟန့်တားနိုင်မည့် မဟုတ်ရုံမျှမကစေ့စပ်ဆွေးနွေးမှု အတွက် ဆိုးကျိုးသာပေါ်ပေါက်စေမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

နျူကလီးယား ဆွေးနွေးပွဲများ အောင်မြင်စေရေးအတွက် အနောက် နိုင်ငံများအနေဖြင့် အီရန်နိုင်ငံနှင့် နျူကလီးယား အခွင့်အရေး များကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း မီမန်ပါရတ်ခ် ကပြောကြားခဲ့ပါသည်။ အခြားသော နိုင်ငံများအားလုံး နီးပါးသည် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် နျူကလီးယား မပြန့်ပွားရေးစာချုပ် (NPT) ၏ ဘေးကင်းလုံခြုံရေးအစီအစဉ်အရ နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လုပ်ဆောင်နေကြောင်း၊ သို့ရာတွင် EU အနေဖြင့် အဆိုပါ အကြောင်းအရာများနှင့်ကြောင်းကျိုး မညီညွတ်သည့် အရေးယူပိတ်ဆို့မှုများကို အီရန်နိုင်ငံ အပေါ်ချမှတ်နေ ကြောင်း  ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်