Thursday, July 05, 2012

တရုတ်နှင့် အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်း ပူးတွဲလေ့ကျင့်လျက်ရှိခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


          တရုတ်နှင့် အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဝင်များသည်  ပူးတွဲအကြမ်းဖက် နှိမ်နင်းရေး လေ့ကျင့်မှုများကို ဇူလိုင်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် လေ့ကျင့်လျက်ရှိပါသည်။ အဆိုပါလေ့ကျင့်ခန်းတွင် ပစ်မှတ်များအား တိကျစွာ ပစ်ခတ်လေ့ကျင့်ခြင်း၊လေထီးခုန်ဆင်းခြင်း၊ အကြမ်းဖက်မှု ရှာဖွေချေမှုန်းခြင်း နည်းဗျူဟာများ လေ့ကျင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ လေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ ၂ နိုင်ငံတပ်ဖွဲ့ ဝင်များအကြား ချစ်ကြည် ရင်းနှီးစွာဖြင့်ညှိနှိုင်း တိုင်ပင်မှုများနှင့်  တိုက်ပွဲ အတွေ့အကြုံ အပြန်အလှန် အမြင်ချင်း ဖလှယ်မှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်