Thursday, July 05, 2012

အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန ကွန်ရက်အတွင်းသို့ ကွန်ပျူတာ ဗိုင်းရပ်တစ်မျိုး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


အစ္စရေးနိုင်ငံတွင် ဇူလိုင်လ ၃ ရက်နေ့က ကာကွယ်ရေး ဝန်ကြီးဌာန ကွန်ပျူတာ ကွန်ရက်စနစ် အတွင်းသို့ ခိုင်မာသည့် လုံခြုံမှုစနစ်များ အားကျော်ဖြတ်၍ ကွန်ပျူတာဗိုင်းရပ်တစ်မျိုး ဝင်ရောက် တိုက်ခိုက် ခဲ့ကြောင်းနှင့် ဆိုးရွားသော ပျက်စီးဆုံးရှုံးမှုရှိနိုင်ကြောင်း  Xihnua သတင်းတစ်ရပ် အရသိရှိရပါသည်။ ကာကွယ်ရေး ဝန်ကြီးဌာနသည် အဆိုပါဗိုင်းရပ် ဝင်ရောက်လာပုံနှင့် ပျက်စီးမှုပမာဏ အားသိရှိနိုင်ရန် စုံးစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်းသိရှိရပါသည်။ အစ္စရေးနိုင်ငံသည် နေ့စဉ်ဘဏ်လုပ်ငန်းများ၊ စွမ်းအင် ထုတ်လုပ်ရေးနှင့် စစ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီဂျစ်တယ် ကွန်ရက်စနစ်အပေါ် မှီခိုနေရသည့် အတွက် အစိုးရနှင့်စစ်ဘက်ရှိ အဖွဲ့အစည်းများမှ ၎င်းဆိုက်ဘာလုံခြုံမှုစနစ်၏ အားနည်းချက်များအား ရှာဖွေဖော် ထုတ်၍ နိုင်ငံ၏ထိပ်တန်း အဆင့်လုံခြုံမှု ကိစ္စအဖြစ်ဆောင်ရွက် လျက်ရှိပြီး အမျိုးသားဆိုက်ဘာ လုံခြုံမှုအဖွဲ့သည် အရေးပါသည့် အရပ်ဘက်နှင့် စစ်ဘက် ကွန်ရက်စနစ်များ ဆိုက်ဘာ တိုက်ခိုက်မှု မခံရစေရေး အတွက် ပိုမိုကောင်းမွန်သည့် ကာကွယ်ရေး စနစ်တစ်ခုအား ယခုနှစ်အစောပိုင်းက ထူထောင် နိုင်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်