Thursday, July 05, 2012

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား ခန့်အပ်

Posted by drmyochit Thursday, July 05, 2012, under | No comments

အမေရိကန် ပြည်ထောင်စု၏  မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်  ကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် အမေရိကန် အထက်လွှတ်တော်က အတည်ပြုခန့်အပ်လိုက်သည်။

၎င်းသည် ၂၂ နှစ်တာ ကာ လအတွင်းမြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိသူဖြစ်သည်။ ၄င်းအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအ မတ်ကြီးအဖြစ် ခန့်ထားရန်  အမေရိကန်     သမ္မတ  ဘားရက်အိုဘားမားက အမည် စာရင်း တင်သွင်း ခဲ့ခြင်းဖြစ်ပြီး အမေ ရိကန် အထက် လွှတ်တော်ကအတည်ပြု ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 ဒဲရစ်မစ်ချယ်သည် အမေရိကန်နိုင်ငံ   ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခံရခြင်းနှင့် ပတ်သက်၍ ဇွန်လ ၂၇ ရက်က အမေရိကန် အထက် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ရှေ့မှောက်၌ ပြောကြားခဲ့ ရာတွင် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရ လက်ထက် ကာလ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အကြား ဆက်ဆံရေး တိုးတက် ခိုင်မာလာခြင်း၊ အစိုးရ အဖွဲ့ အတွင်း ဖော်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး များသည် မြန်မာပြည် သူများ အတွက် ထင်ဟပ် လာခြင်းတွေ ရှိနေသလို တစ်ချိန်တည်းမှာပဲ စိန်ခေါ်မှုတွေ ရှိနေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
၎င်းသည် ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာလ ၉ ရက် ကမြန်မာနိုင်ငံ သို့လာရောက်ခဲ့စဉ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် မြန်မာ အစိုးရ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ အရေး ကိစ္စများ ဆွေးနွေးခဲ့ပြီး ထိုစဉ် ကတည်းက အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် ကြီး ဖြစ်လာနိုင်သူဟု ထင်ကြေးပေးခံထားရသူဖြစ်သည်။
အိုဘားမား ကိုယ်တိုင် ၄င်းအား သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် အမည် စာရင်း တင်သွင်းခြင်းမှာ မြန်မာနိုင်ငံ တွင် ဖော်ဆောင် နေသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ ကို အားပေး ထောက်ခံနိုင်ရန် အတွက် ဖြစ်ကြောင်း အမည် စာရင်း တင်သွင်းခဲ့သည့် မေ လ ၁၇ရက်နေ့ ကပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် ခန့်အပ်ခြင်း မခံရမီ ဒဲရစ်မစ်ချယ် သည်  မြန်မာနိုင်ငံ၏ မူဝါဒရေးရာ ညှိနှိုင်းရေးမှူးနှင့် သမ္မတ အိုဘားမား ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ခြင်း ခံထားရ သူဖြစ်ပြီးအာရှ ရေးရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် နှင့်မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ မေလ ၁၇ ရက်က အမေရိကန်ပြည်ထောင်စု တွင် တွေ့ဆုံ စဉ် အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် လက်ရှိ ကုလသမဂ္ဂတွင် မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင် နေသော ဦးသန်းဆွေ အားခန့် ထား မည်ဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင် ကပြောကြားခဲ့သည်။
http://popularmyanmar.com/mpaper/archives/45382

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်