Thursday, July 05, 2012

အမေရိကန်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့သို့ စစ်သင်္ဘောများနှင့်တိုက်လေယာဉ်များ ထပ်မံစေလွှတ်လျက်ရှိခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments

          အမေရိကန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားအား ဆက်ဖွင့်ထားနိုင်ရန်နှင့် အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ တင်းမာမြှုမင့်တက်ခဲ့ပါက အီရန်နိုင်ငံ၏ အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက် တိုက်ခိုက်နိုင်ရန် တို့အတွက် စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ပိုမိုစေလွှတ် တပ်ဖြန့်ထားခဲ့ကြောင်း အမေရိကန် ထိပ်တန်းအရာရှိများအား ကိုးကား၍ နယူးယောက်တိုင်း သတင်းစာတွင် ဇူလိုင်လ ၃ ရက်နေ့က ဖော်ပြခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် မဟာဗျူဟာမြောက်ဟော်မုဇ်ရေလက်ကြားကို မည်သည့်နည်းနှင့် မဆို ဆက်ဖွင့်ထားနိုင်ရန် ဆုံးဖြတ်ထားကြောင်း အမေရိကန် အဆင့်မြင့်တာဝန်ရှိသူများကပြောကြားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် လွန်ခဲ့သော နွေဦးရာသီ နှောင်းပိုင်းမှစ၍ ပါရှန် ပင်လယ်ကွေ့ အတွင်းရှိ အခြေစိုက်စခန်း ၂ ခုသို့ F-22 နှင့် F-15  ဂျက်တိုက်လေယာဉ်များ ထပ်မံစေလွှတ်တပ်ဖြန့်ခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားပါသည်။ အီရန်နိုင်ငံက ၎င်း၏နျူကလီးယား စက်ရုံများ အပေါ်တိုက်ခိုက် လာခဲ့ပါက ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့မည်ဟုခြိမ်းခြောက်ပြောကြားထားပါသည်။ အမေရိကန် နိုင်ငံအနေဖြင့်လည်း ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင် ၆ နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ယူအေအီး၊ အိုမန်နိုင်ငံတို့နှင့် စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့လုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်