ပြင်သစ်တပ်ဖွဲ့ဝင်များသည် ကာပီဆာပြည်နယ်လုံခြုံရေး
တာဝန်အား အာဖဂန်တပ်ဖွဲ့ဝင်များ ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ သို့ရာတွင် ၎င်းဒေသရှိ
အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဆက်လက်လေ့ကျင့်ျပးမှုကိုမူ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း
ဇူလိုင်လ ၄ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ပြင်သစ်နိုင်ငံသည်
၂ဝ၁၂ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် ၂ဝဝဝ အားရုပ်သိမ်းပြီးပါက ကျန်ရှိနေသည့် တပ်ဖွဲ့ဝင် အရေအတွက်
၁၅ဝဝ သည် အာဖဂန်တပ်ဖွဲ့ဝင်များအားလေ့ကျင့်သင်ကြားပေးရန်နှင့် စစ်လက်နက် ပစ္စည်းများ
ပြန်လည်သိမ်းဆည်းရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ၂ဝ၁၁ ခုနှစ်အတွင်းက ကာပီဆာပြည်နယ်၌ပြင်သစ်တပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးခဲ့ပြီး ၎င်းဒေသသည် အကြမ်းဖက် တိုက်ခိုက်မှုများ
အများဆုံးဖြစ်ပွားသော ဒေသတစ်ခုလည်းဖြစ်ပါသည်။ပြင်သစ်နိုင်ငံသည် အာဖဂန်နိုင်ငံရိ NATO နိုင်ငံတကာ
လုံခြုံရေး အထောက်အကူပေးရေးတပ်ဖွဲ့ (ISAF) သို့ ပဉ္စမမြောက် အင်အားအများဆုံး စေလွှတ်
ထားသော နိုင်ငံဖြစ်ကြောင်းသိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment