Monday, August 20, 2012

ချီလီနှင့် ထိုင်းနိုင်ငံတို့သည FTA စာချုပ်အား မကြာမီ လက်မှတ် ရေးထိုးနိုင်ရန် မျှော်လင့်ထားသည်ဆိုခြင်း

Posted by drmyochit Monday, August 20, 2012, under | No comments


Xinhuanet.com;Aug-16(Thu)

ချီလီနှင့် ထိုင်းနိုင်ငံတို့သည် နှစ်ဦးနှစ်ဖက် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် (FTA)  ၏ ရှေ့ပြေးဆောင်ရွက်မှု တစ်ရပ်အဖြစ် စိုက်ပျိုးရေးပူး ပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက် ရေးသဘောတူစာချုပ် ၂ ခုအား သြဂုတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်မှတ်ရေး ထိုးခဲ့ကြောင်း ချီလီသတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။

 အဆိုပါ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပိုမို တိုးတက်လာစေရန် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုင်းနိုင်ငံနှင့် FTA စာချုပ် ချုပ်ဆိုမှု အား မကြာမီတွင် ထုတ်ပြန် ကြေညာသွားရန် မျှော်လင့်ထားကြောင်း ချီလီစိုက်ပျိုးရေးဝန်ကြီး Luis Mayol က ပြောကြားခဲ့ပါသည်။
ချီလီစိုက်ပျိုးရေးဝန်ကြီးသည် ထိုင်းစိုက်ပျိုးရေးဝန်ကြီး Theera Wongsamut  နှင့်အတူ အထက်ပါ သဘောတူစာချုပ် ၂ ခု လက်မှတ်ရေးထိုး ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။ ရှေ့ပြေးလက်မှတ် ရေးထိုးမည့် ၄င်းသဘောတူ စာချုပ် ၂ ခုသည် မကြာမီလက်မှတ် ရေးထိုးမည့် FTA  စာချုပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအား အဆင်ပြေချောမွေ့ စေရန်နှင့် နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ မျှဝေဆောင်ရွက်ရန် တို့အတွက် နှစ်နိုင်ငံစလုံးအပေါ် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ FTA စာချုပ်သည် ချီလီကုန် ပစ္စည်းများအပေါ် ထိုင်းနိုင်ငံမှ လတ်တလော ကောက်ခံလျက်ရှိသော စည်းကြပ်ခွန် ၄၅ ရာခိုင်နှုန်းနှင့် ထိုင်းကုန် ပစ္စည်းများအပေါ် ချီလီနိုင်ငံမှ သတ်မှတ်ထားသော စည်းကြပ်ခွန် ၆ ရာခိုင်နှုန်းတို့အား ပိုမိုလျော့ကျ စေလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်