Monday, August 20, 2012

"ဟောင်းနွမ်းကန်ဒေါ်လာ စီးပွားရေးပိတ်ဆို့မှု ကင်းစင်မှ ဗဟိုဘဏ် လက်ခံလဲလှယ်ပေးမည်"

Posted by drmyochit Monday, August 20, 2012, under | No comments


နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှု ကင်းစင်မှသာ ဟောင်းနွမ်း ကန်ဒေါ် လာ များ အား လက်ခံလဲ လှယ်ေ ပးမည် ဖြစ်ကြော င်း မြန်မာနို င်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မော င်ဝင်းက ပြောသည်။ လက်ရှိ အခြေ အနေ၌ မြန်မာနိုင်ငံအား နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့  ထားမှုကြောင့် ပြည်တွင်း ဘဏ်များရှိ ဒေါ် လာများမှာ ပြည်ပ နိုင်ငံများ၌ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် မရဘဲ ပြည်တွင်း၌ သာလှည့်ပတ် သုံးစွဲနေရေ ကြာင်း ၄င်းက ပြောသည်။


''ဒီမှာလုပ်နေတဲ့ ဘဏ်တွေက သူတို့ဆီ ဝင်လာတဲ့ ဒေါ်လာတွေ ကို နိုင်ငံခြား ကိုသွားပြီး ရောင်းလို့ မရဘူး။ ရောင်းလို့ မရတာ ကလည်း ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး ပိတ်ဆို့ထား မှုကြောင့်ပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒေါ်လာကို အကူး အပြောင်းလုပ်ဖို့ ခက်ခဲသလို အပြင်ကို ယူဖို့အတွက်လည်း ပိုခက်ခဲတယ်။ ဒီ့အတွက်ကြောင့် ကျွန်တော်တို့ ဘဏ်တွေက ဒေါ်လာကို ငွေသားအဖြစ်နဲ့ ဒီက Customer တွေကို ထုတ်ပေးရတယ်။ အဲဒီလို ထုတ်ပေးရာမှာ လည်း သူတို့က ဟောင်းတာတို့၊ နွမ်းတာတို့ဆိုရင် အဆင်မပြေတဲ့ အတွက် ကျွန်တော်တို့က အကောင်း တွေပဲ ထုတ်ပေးရတယ်။ ဒါကြောင့် ကျွန်တော်တို့  ဘဏ်တွေ ကလည်း ဒေါ်လာအကောင်း တွေကိုပဲ လက်ခံ ရတာဖြစ်ပါတယ်'' ဟု ဦးမောင်မောင်ဝင်း ကထပ်လောင်းပြောသည်။ ထိုသို့သော အခြေအနေ များကြောင့် လက်ရှိနိုင် ငံခြားငွေ လဲလှယ်ရေး ကောင်တာများ၌ ဒေါ်လာ လာရောက် လဲလှယ်ရာတွင်လည်း လဲလှယ်သူများမှာ အခက်အခဲ အနည်းငယ် ဖြစ်နေရသည် ဟု နိုင်ငံခြားငွေကြေး တရားဝင်ရ ရှိနေသူများက ပြောသည်။ ''ကျွန်တော်တို့ သွားလဲတာ ၂ဝဝ၆ စီးရီး ရာတန်တွေပါဗျာ။ အဲဒါ ကို နိုင်ငံတကာမှာလည်း သုံးခဲ့ပြီးပြီ။ အကုန်လုံးက လက်ခံတယ်။ ဒီရောက်တော့ သိမ်ဖြူမှာသွားလဲ တာတစ်ဝက်ပဲ လဲလို့ရတယ်။ ကျန် တစ်ဝက် ကလဲလို့ မရဘူး။ ဒါဆိုရင် ကျွန်တော်တို့က အဲဒီ့ပိုက်ဆံ တွေကိုဘယ်လို လုပ်ရမှာလဲ။ သုံးလို့ မရတော့ဘူးလား'' ဟု နိုင်ငံခြား သင်္ဘောသား ကိုမောင်ဝင်းသာကပြောသည်။
''ဒီအခက်အခဲက ဘယ်တော့ ပြေလည်မလဲ ဆိုရင် ပိတ်ဆို့မှုတွေ ကို ရုပ်သိမ်း လိုက်လို့ ဒီက ဒေါ်လာ တွေကို ကြိုက်တဲ့ နိုင်ငံတွေကို သွားပြီး ရောင်းလို့ရပြီ ဆိုရင် ဒီမှာလည်း ဒေါ်လာကို ကြိုက်သလောက် ဟောင်း၊ စစ်ရင်ပြီးရောဆိုပြီး လက်ခံသွားမှာ ပါ'' ဦးမောင်မောင် ဝင်းက ထပ်လောင်း ပြောကြား သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်