Monday, August 20, 2012

အိန္ဒိယဝန်ကြီးချုပ်၏ အီရန်ခရီးစဉ်အပေါ် အမေရိကန်ပြည်ထောင်စုမှ ဝေဖန်ပြောကြားလိုက်ခြင်း

Posted by drmyochit Monday, August 20, 2012, under | No comments


Xinhuanet.com;Aug-15(Wed)
           
 အမေရိကန်နိုင်ငံသည် သြဂုတ်လ ၂၈ ရက်နေ့တွင် အီရန်နိုင်ငံသို့ သွားရောက်မည့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ခရီးစဉ်အား ကန့်ကွက်ရန် ကြိုးပမ်းခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် အနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့် အညီ အီရန်နိုင်ငံအား ဖျောင်းဖျ ပြောကြားမည်ကို မျှော်လင့်ထားကြောင်း အင်ဒို-အာရှသတင်းဌာနက သြဂုတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မိမိတို့၏ မဟာမိတ်နှင့် မိတ်ဖက်နိုင်ငံများသည် အီရန်နိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်မည့် မည်သည့်လုပ်ငန်း မျိုးကိုမဆို ပါဝင်လုပ်ဆောင်မည်ဟု မျှော်လင့်ထားကြောင်း၊ နိုင်ငံတကာစံနှုန်း များအား ပြန်လည်အလေးထား လိုက်နာရန်အတွက် အရေးကြီးသည့် အချက်ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆို ခွင့်ရှိသူ ဗစ်တိုးရီးယားနျူလန်က သြဂုတ်လ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

 အီရန်နိုင်ငံသို့ သွားရောက်မည့် အိန္ဒိယဝန်ကြီးချုပ် ၏ခရီးစဉ်သည် ၂ဝဝ၁ ခုနှစ်တွင် အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း Atal Bihari Vajpayee ၏ ခရီးစဉ်ပြီးဆုံးခဲ့ သည့်အချိန်မှစ၍ ဆယ်စုနှစ် တစ်စုအတွင်း အိန္ဒိယ ဝန်ကြီးချုပ်၏ ပထမဆုံးသွား ရောက်မည့်ခရီးစဉ် ဖြစ်ကြောင်း သိရှိရပါသည်။
အီရန်အနေဖြင့် P5+1 အဖွဲ့၏ သံတမန်ရေး ကမ်းလှမ်းဆောင်ရွက်မှု အခွင့်အလမ်း ကိုသုံး၍ စစ်မှန် သောတိုးတက်မှု ရရှိစေရန်ပြု လုပ်သင့်ကြောင်း ဗစ်တိုးရီးယားနျူလန်က ဘက်မလိုက် လှုပ်ရှားမှုထိပ်သီး အစည်းအဝေး တက်ရောက်ရန် အီရန်သို့ အိန္ဒိယဝန်ကြီးချုပ် သွားရောက်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် ပြောကြားခဲ့ပါသည်။ အိန္ဒိယ အနေဖြင့် ၄င်းတို့ကိုယ်တိုင် ရေနံထုတ်လုပ် နိုင်ခြင်းမရှိသဖြင့် အီရန်ရေနံအား ဒုတိယ အများဆုံးတင်သွင်း ရသော နိုင်ငံဖြစ်နေပါသည်။ အိန္ဒိယဝန်ကြီးချုပ် ၏ခရီးစဉ်သည် အီရန်အပေါ် အိန္ဒိယ၏ မဟာဗျူဟာမြောက်ရည်ရွယ် လုပ်ဆောင်မှု ဖြစ်နိုင်ကြောင်း သုံးသပ်ပြော ကြားလျက်ရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်