Monday, August 20, 2012

APEC ထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပရန် အသင့်ရှိသည်ဟု ရုရှားနိုင်ငံကပြောကြားခဲ့ခြင်း

Posted by drmyochit Monday, August 20, 2012, under | No comments


Xinhuanet.com;Aug-16(Thu)

ရုရှားနိုင်ငံသည် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးဆွေးနွေးပွဲ အား လက်ခံကျင်းပရန် လုံလောက်သော ပြင်ဆင်ဆောင်ရွက်မှု များပြုလုပ်ထားကြောင်း ရုရှားအရှေ့ဖျားဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာဝန်ကြီး Viktor Ishayev က သြဂုတ်လ ၁၅ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။

 ရုရှားနိုင်ငံသည် APEC ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် ဗလာဒီဗိုစတော့မြို့ရှိ ဆွေးနွေးပွဲအတွက် အသုံးပြုမည့် အခြေခံအဆောက် အအုံများအားလုံး ရာနှုန်းပြည့် ကြိုတင်ပြင်ဆင် ထားသောကြောင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် အသင့်ရှိနေကြောင်း Ishayev က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ သို့ရာတွင် ဗလာဒီဗိုစတော့မြို့တွင် APEC ထိပ်သီး ဆွေးနွေးပွဲကျင်းပရန် ဆုံးဖြတ်ချက်၌ စိန်ခေါ်မှုများ ရှိနေကြောင်းIshayev  က ဝန်ခံပြောကြားခဲ့ပါသည်။
APEC  ထိပ်သီးဆွေးနွေး ပွဲပြုလုပ်ခြင်းမှ ဖြစ်ပေါ်လာနိုင်သည့် ရံဖန်ရံခါလမ်း ပိတ်ခြင်းများနှင့် လမ်းများ ပေါ်တွင် လုံခြုံမှုစစ်ဆေးခြင်း များကဲ့သို့သော စိတ်ကသိကအောက် ဖြစ်မှုများအတွက် ဗလာဒီဗိုစတော့မြို့ရှိ ဒေသခံ လူဦးရေ ၆၂ဝ,ဝဝဝ ကျော်အား နစ်နာကြေးများ ပေးသွားမည်ဟု ဒေသခံအာဏာပိုင်များက ကတိပြုပြောကြားခဲ့ ပါသည်။ ရုရှားအစိုးရသည် APEC ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ရူဘယ် ၆ဝဝ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၈.၈ ဘီလီယံခန့်) သုံးစွဲခွင့်ပြုခဲ့ပါသည်။ ဗလာဒီဗိုစတော့မြို့တွင် ထိပ်သီးဆွေးနွေးပွဲ၏ အစည်းအဝေး အများစုအား ကျင်းပမည် Russki  ကျွန်းအနီးသို့ လမ်းကြောင်း ၄ ခုပါ ကမ္ဘာ့အရှည်ဆုံး ကြိုးတံတား အပါအဝင် အစည်းအဝေးကျင်းပရန် အဆောက်အအုံ ၅ဝ ကျော်အား ခေတ်မီခမ်းနားစွာ တည်ဆောက်ထား ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်