Monday, August 20, 2012

တရုတ်အလှမယ် Miss World သရဖူ ဆွတ်ခူး

Posted by drmyochit Monday, August 20, 2012, under | No comments

 
From : .7day
တရုတ်နိုင်ငံ မွန်ဂိုလီးယားဒေသ အော်ဒေါ့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့အလှဆုံးမယ် ရွေးချယ်ပွဲ တွင် အိမ်ရှင် တရုတ် အလှမယ် မစ္စယူဝမ်ရှားက မယ်ကမ္ဘာသရဖူ ကို ဆွတ်ခူးသွားခဲ့သည်။
ဂိုဘီသဲကန္တာရ အစပ်ရှိ သတ္တုတွင်းလုပ်ငန်းများကြီးစိုးရာ အော်ဒေါ့စ်မြို့ရှိ အလှမယ်ရွေး ချယ်ပွဲ ခန်းမကြီးထဲတွင် တရုတ် အလှမယ် ယူတစ်ယောက် ပထမရရှိကြောင်း ကြေညာလိုက်ချိန်တွင် တရုတ်နိုင်ငံသားများ အများ စုပါဝင်သော ပရိသတ် ကြီးမှာ တစ်ခဲနက်အားပေးကြပြီး မီးရှူးမီးပန်းများဖြင့် လင်းထိန်သွားခဲ့သည်။
“ကျွန်မငယ်ငယ်တုန်းက လူတွေအများကြီးက ကျွန်မကိုကူညီခဲ့လို့ ကံကောင်းတယ်လို့ ကျွန်မခံစားခဲ့ရပါတယ်။ အနာ ဂတ်မှာ ကလေးတွေကို ကံကောင်းတယ်လို့ခံစားရအောင် ကျွန်မကူညီသွားချင်ပါတယ်”ဟူ၍ “အဘယ်ကြောင့် မယ်ကမ္ဘာ အဖြစ် ရွေးချယ်ခံသင့်ပါသနည်း” ဟူသော မေးခွန်းအပေါ် မစ္စယူကပြန်လည်ဖြေကြားခဲ့သည်။
တေးဂီတဆရာမတစ်ဦးဖြစ်ရန် ရည်မှန်းသော အသက် ၂၃ နှစ်အရွယ် ယူဝမ်ရှားသည် တရုတ်နိုင်ငံ၏ ဒုတိယမယ် ကမ္ဘာဆုရှင်ဖြစ်သည်။ တဖျပ်ဖျပ်အရောင်တောက်ပနေသော အပြာရောင် ညနေခင်းဝတ်စုံနှင့် မယ်ကမ္ဘာသစ်အား ယမန် နှစ်အလှမယ်ဟောင်း ဗင်နီဇွဲလားသူ အီဗီယန် ဆာကော့စ်က မယ်ကမ္ဘာသရဖူအားလွှဲပြောင်း သရဖူဆောင်းပေးခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်