Monday, August 20, 2012

အာဆီယံဦးဆောင်သူများ အစည်းအဝေး ဒေါ်စု မိန့်ခွန်းပြောမည်

Posted by drmyochit Monday, August 20, 2012, under | No comments



 
အခုနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ASEAN 100 Leadership Forum လို့ အမည်ပေးထားတဲ့ အာဆီယံ ဒေသတွင်း ဦးဆောင်သူများ ညီလာခံကို နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။

  ညီလာခံကို ဒီဇင်ဘာလ ၅ ရက် နဲ့ ၆ ရက် နေ့တွေမှာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်သလို ဒုတိယနေ့မှာတော့ ညီလာခံ တက်ရောက်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးစကား ပြောဆိုဖို့ ရှိတဲ့အကြောင်း ဒီဆွေးနွေးပွဲ ကျင်းပဖို့ တာဝန်ယူထားတဲ့ Asia Inc အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
  ဒီနှစ်ညီလာခံဟာ ကမ္ဘာကြီးနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံမှုပြုတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုအတွင်း အရေးကြီး တဲ့အချိန်မှာ ကျင်းပတာ ဖြစ်တယ်လို့ တာဝန်ယူကျင်းပတဲ့ Asia Inc ကုမ္ပဏီ အကြီးအကဲ Dato Paduka Timothy Ong ကပြောပါတယ်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်