Xinhuanet.com;Aug-16(Thu)
ရုရှားနှင့်အဇာဘိုင်ဂျန်
နိုင်ငံအကြား ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကဏ္ဍတွင် တိုးတက်ကောင်းမွန် လာစေနိုင်သည့် ပူးပေါင်းဆောင်ရွက်
မှုများပြုလုပ်သွားရန် မိမိအနေဖြင့် မျှော်လင့်ထားသည်ဟု အဇာဘိုင်ဂျန်သမ္မတ IIham Aliyev က သြဂုတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း အဇာဘိုင်ဂျန်သမ္မတ၏
ဝဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်။
အဇာဘိုင်ဂျန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်သော
ရုရှားဒုတိယဝန်ကြီးချုပ် ၏ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်
လာစေမည်ဟု ယုံကြည်ထားကြောင်း မြို့တော် ဘာကူး၌ ရုရှားဒုတိယဝန်ကြီးချုပ် ဒီမီထရီရိုကိုဇင်နှင့်
ပြုလုပ်သောအစည်းအဝေးတွင် Aliyev
က ပြောကြားခဲ့ ပါသည်။
အစည်းအဝေးအတွင်းတွင်
နှစ်နိုင်ငံခေါင်းဆောင်များသည် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကဏ္ဍ နှင့် စစ်ဘက်နည်းပညာ
ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများအပေါ် အလေးထားဆွေးနွေးခဲ့ ကြပြီး ကဏ္ဍအမျိုးမျိုးတို့တွင်
တိုးတက်အောင်မြင် မှုများရရှိခဲ့သည့် နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေး များအပေါ်
ချီးကျူးပြောကြား ခဲ့ကြပါသည်။ ရုရှားနိုင်ငံသည် ၂ဝ၁၂ ခုနှစ်ကုန်ပိုင်းအတွင်း အဇာဘိုင်ဂျန်နိုင်ငံသို့
တိုက်ခိုက်ရေးရဟတ်ယာဉ် ၆၄ စင်းအားလွှဲပြောင်း ပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးကဏ္ဍ နှင့်ပတ်သက်၍ အဇာဘိုင်ဂျန်နိုင်ငံသို့ လာရောက်သော ရုရှားဒုတိယ
ဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှာ သြဂုတ်လ ၁၅ ရက်နေ့အစောပိုင်းတွင် ဘာကူးမြို့တော်သို့
ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment