Monday, August 20, 2012

ဂျပန်သည် အိမ်နီးချင်း ၃ နိုင်ငံနှင့် ရေပြင်ပိုင်နက်အငြင်းပွားမှုအားရင်ဆိုင်ကြုံတွေ့နေရခြင်း

Posted by drmyochit Monday, August 20, 2012, under | No comments


Xinhuanet.com;Aug-15(Wed)

ဂျပန်နိုင်ငံသည် တရုတ်၊ တောင်ကိုရီးယား၊ ရုရှားနိုင်ငံတို့နှင့် ရေပြင်ပိုင်နက် အငြင်းပွားရန်လိုမှုများနှင့် ရင်ဆိုင်နေရမှုများ တိုးပွားလျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဖြစ်စဉ်များကြောင့် ဂျပန်အစိုးရအား ထောက်ခံမှုရာခိုင်နှုန်း လျော့ကျလျက် ရှိနေကြောင်း သိရှိရပါသည်။ ဧပြီလအတွင်း တရုတ်နိုင်ငံက ၄င်းတို့ ပိုင်ဆိုင် ကြောင်း အခိုင်အမာ ပြောကြားထားသော Diaoyu ကျွန်းများအား ဂျပန်အစိုးရပိုင် အဖြစ်ဝယ်ယူရန် စဉ်းစားသုံးသပ် နေကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စများကြောင့် တရုတ်နိုင်ငံ ခေါင်းဆောင်များ၏ ဂျပန်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်နှင့် အပြန်အလှန်လည် ပတ်ရေးအစီအစဉ်များ ဆိုင်းငံ့ခဲ့ရ ပါသည်။

 ဇူလိုင်လကုန် တွင်လည်း တောင်ကိုရီးယားတွင် Dokdo ဟု လူသိများသော Takeshima ကျွန်းများအား ဂျပန်က ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောကြားခဲ့ပါသည်။ သြဂုတ်လအတွင်း မြောက်ကိုရီးယားသမ္မတ လီမြောင်ဘတ်က အဆိုပါကျွန်းများ သို့သွားရောက်လည် ပတ်ခြင်းဖြင့် ၄င်းတို့ပိုင်ဆိုင်ကြောင်း သက်သေ အထောက်အထားပြ၍ တုံ့ပြန်ခဲ့ပါသည်။
 ဂျပန်နိုင်ငံသည် Kuril Chain ကျွန်းအဆုံးရှိ ကျွန်း ၄ ကျွန်းရယူပိုင်ဆိုင်လိုမှု နှင့်ပတ်သက်၍ ရုရှား နိုင်ငံနှင့်လည်း ကာလရှည်ကြာ လိပ်ခဲတည်းလည်း အခြေအနေသို့ ရောက်ရှိလျက်ရှိပါသည်။ အဆိုပါ အငြင်းပွား မှုကြောင့် ရုရှားနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွယ်တန်းနေသော ရေနံပိုက်လိုင်း သွယ်တန်းမှုရပ်ဆိုင်း ခဲ့ရပါသည်။ လေ့လာ ဆန်းစစ်သူများက ဂျပန်နိုင်ငံတွင် လက်ယာယိမ်းဝါဒီများ နေရာပိုမိုရရှိလာပြီး အိမ်နီးချင်းနှင့်  အငြင်းပွားမှုများ၊ နိုင်ငံခြားရေးမူဝါဒများ ၊ စီးပွားရေးနှင့် နိုင်ငံရေးဆောင်ရွက် ချက်များတွင် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန် တက်ကြွစွာဖြင့် လုပ်ဆောင်လာကြောင်း သုံးသပ်ထားပါသည်။  ဂျပန်ကျူးကျော်မှု သမိုင်းစာအုပ်တွင် အိမ်နီးချင်းနိုင်ငံများ နှင့်ကြီးမားသော ကွဲပြားစွာပြင်ဆင် ရေးသားထား ချက်များရှိကြောင်း  နယူးယောက် တိုင်းမ်သတင်းစာက ထောက်ပြခဲ့ပါသည်။  ဂျပန်သတင်းစာ Asahi Shimbun က ဂျပန်အစိုးရသည် ပြဿနာရပ်များ ကိုဖြေရှင်းရန် စွမ်းဆောင်နိုင်ခြင်းမရှိ၍  ဂျပန်အစိုးရအား  ပြည်သူထောက်ခံမှု ၂၈ ရာခိုင်နှုန်း ကျဆင်းကြောင်း သိရှိရပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်