Monday, August 20, 2012

ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုးစုထဲမှာ မပါပါ

Posted by drmyochit Monday, August 20, 2012, under | No comments


Khin Yee

ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုး စုထဲမှာ ဘယ်တုန်းကမှ မပါခဲ့ပါဘူးလို့ ပြည်ထောင်စု လဝက ဝန်ကြီး ဦးခင်ရီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဗြိတိသျှ ကိုလိုနီခေတ် အစိုးရ ထုတ်ပြန်တဲ့ ပြန်တမ်း ထဲမှာလည်း မပါဘူး၊ လွတ်လပ်ရေး ရပြီးနောက် ကောက်ယူတဲ့ သန်းကောင်စာရင်း မှာလည်း မပါဘူး၊ ၁၉၈၃ ခုနှစ်မှာ ကောက်ယူတဲ့ သန်းကောင် စာရင်းမှာလည်း မပါပါဘူးလို့ ဦးခင်ရီက ဘီဘီစီနဲ့ သီးသန့် ဆက်သွယ် အင်တာဗျူးမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

 ဒါပေမဲ့ ဝန်ကြီးက မြန်မာနိုင်ငံ အနောက်ပိုင်းမှာ တခြား နိုင်ငံကနေ ဝင်ရောက်လာတဲ့ ဘင်ဂါလီ တွေတော့ ရှိပါတယ်လို့ ပြောပါတယ်။ တခါ ၂၀၁၄ မှာ ပြည်လုံးကျွတ် ကောက်ယူမယ့် သန်းကောင်စာရင်း ကျရင်တော့ လူဦးရေပေါ်မှာပဲ မူတည် ကောက်ယူမယ်၊ ဘာသာရေးပေါ်မှာ ကောက်ယူသွားမှာ မဟုတ်ဘူးလို့လည်း ဘီဘီစီကို ပြောခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်