Monday, August 20, 2012

ရေကြီးဒဏ်ခံ ပုသိမ်သားတို့ နေစရာ စားစရာ အခက်ကြုံ

Posted by drmyochit Monday, August 20, 2012, under | No comments


  

  
w2ငဝန်မြစ်ရေတိုးမှုက ပုသိမ်မြို့တွင် ရေကြီးနေသည်မှာ ၁၂ ရက်ကြာမြင့် နေပြီဖြစ်ပြီး ရက်ကြာလာ သည်နှင့်အမျှ လူအများမှာ နေစရာ အခက်အခဲ သာမက စားစရာ အခက်အခဲနှင့်ပါ ကြုံတွေ့လာနေရသည်။ သြဂုတ်လ ၈ ရက်နေ့ကတည်းက ရေဝင်ရောက် မှုကြောင့်  ပုသိမ်မြို့တွင် ရပ်ကွက်ပေါင်း ၁၄ ခုရှိသည့်အနက် ကုန်းအမြင့်ပိုင်း ကျသည့် အမှတ် ၃ ရပ်ကွက်တခုသာ ရေဝင်ရောက်မှု နည်းပါးသော်လည်း ကျန်ရပ်ကွက် ၁၃ ခုအတွက်မှာ ရှစ်နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်သည်။

 ရေအမြင့် သုံးပေခန့်အထိ ရှိနေခြင်းကြောင့် နေအိမ်များအတွင်း အဆင့်ထိုး နေကြသူများ ရှိသလို မည်သို့မျှ ရေမလွတ်နိုင် တော့သဖြင့် ကုန်းမြင့်ဘက်သို့ ပြောင်းရွှေ့နေကြ ရသူများလည်း ရှိသည်။ ငဝန်မြစ်ကမ်းနှင့် ကပ်လျက်ရှိသည့် လူဦးရေ ၃ဝဝဝ ခန့်နေသော ရာမည၊ အောင်သိဒ္ဓိ ရပ်ကွက်နှစ်ခုမှာ လူနေမရတော့ဘဲ ဝဲဒေါင့်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း နေ့ကလေး ထိန်းကျောင်း၊ ဓမ္မာရုံနှင့် နီးစပ်ရာ ဆွေမျိုးများရှိရာသို  ပြောင်းရွှေ့နေထိုင် နေကြရသည်။ ဓဒီရပ်ကွက် တွေကတော့ ဆိုက္ကားနင်းတာတို့၊ ခေါင်းရွက် ဗျတ်ထိုး ဈေးသည်တွေပဲ များပါတယ်။ အရင်က ဘာမှ အစီအစဉ် မရှိတော့ အခုလို ရေလည်းတက်လာတော့ ဒုက္ခတွေ ရောက်ပေါ့။ နဂိုတည်းကမှ ချာလပတ် ရမ်းနေတော့ အခု ပိုဆိုးတာပေါ့ ဟု ဒေသခံ စာရေးဆရာမ လုံမငြိမ်းချမ်းက မဇ္ဈိမကိုပြောသည်။ သောကြာနေ့က အဆိုပါ ရပ်ကွက်များရှိ ဒေသခံများအတွကှ်ိ ဆန် ၄၈ တင်းနှင့် ငွေကျပ်တသိန်း လှူဒါန်းခဲ့ပြီး ဒေသခံ အလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဆန်များ ထောက်ပံ့ခဲ့သော်လည်း လိုအပ်ချက်များ ရှိနေသေး သည်။ ဝေတာကတော့ အလှူရှင်တွေ ပေါ်လာရင် တော့ဝေတယ်။ လက်ရှိကတော့ စေတနာရှင် တွေကပဲ ကူတာပေါ့။ မြို့ပေါ် က လူတွေကတော့ နေ့တိုင်း မတတ်နိုင်ဘူးလေ။ လောလော ဆယ်ကတော့အလှူရှင်တွေပဲ့ မျှော်နေရတာပေါ့ ဟု လုံမငြိမ်းချမ်းက ပြောသည်။

ထမင်းထုပ် လိုက်ဝေတော့ သူတို့မှာ ပျော်နေတာ။ ထမင်းထုပ်ကို ပေးတဲ့လူက ထမင်းထုပ် လက်ထဲ မရောက်သေးဘူး။ ကလေးတွေက ဆွဲနေပြီ။ ဖြစ်ပုံများ တော်တော် ဆိုးပါတယ်။ ဘာဖြစ်လို့  လဲဆိုတော့ ကလေးတွေက ဆာနေပြီ။ ထမင်းက မရှိ။ ချက်စရာ နေရာကလည်း မရှိ။ သူတို့မှာ ဆာတာ ဟန်မဆောင်နိုင်ဘူး။ ဟုလည်းသူက ဆက်ပြောသည်။ ဝဲဒေါင့် ရပ်ကွက်အတွင်း ဘုန်းကြီးကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ ဓမ္မာရုံများအတွင်း ဖွင့်လှစ်ထားသည့် ရေဘေး ဒုက္ခသည်စခန်း ၅ဝ၉ ဦးအတွက် တနေ့ထမင်း နှစ်နပ်အတွက် ဆန် ၁၂ တင်း ချက်ပြုတ် ကျွေးမွေးနေရသည်။  နေလို့မရတော့လို့ ကျမတို့ ခေါ်တင်ထားတာပါ။ ကျမတို့ ကျွေးတာ ၁၄ ရက်ရှိပြီ။ နေ့တိုင်းကျွေးနေရ တာကတော့ ဒေါ်စန်းစန်းဋ္ဌေး (လင်းရတနာ ဆန်စက်ပိုင်ရှင်)က နေ့တိုင်းကျွေး နေရပါတယ်ဟု စခန်းတာဝန်ခံ မခင်သန္တာက ပြော သည်။ လှူတန်းမှုအတွက် တနေ့ကုန်ကျငွေ ၁၄ သိန်းကျပ်ရှိသည်ဟု သိရသည်။ ဝဲဒေါင့်ရပ်ကွက် မူလတန်းကြို ကျောင်းအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးဒုက္ခ သည်စခန်းမှာလည်း ရေနှင့် ကြမ်းပြင် တပေလောက် သာကွာတော့သည်။ ဓဆန်စက် တွေကလည်း ရေမြုပ်တော့ အလုပ်က မရှိဘူး နေစရာလည်း မရှိ စားစရာကလည်း မရှိ။ အခုဆို တော်တော် ဒုက္ခ ရောက်နေကြတာ။ ကျန်းမာရေးက မကောင်း ရေတွေကလည်းတက် ဆိုတော့ အဖွားကြီးတွေ ခြေဖျားတွေ အေးစက်နေတာ ဟု ဒုက္ခသည် အမျိုးသမီးကြီးတဦးက သူ၏နဘေးရှိ အသက် ၇ဝ ကျော် အဖွားအိုကို လက်ညိုးညွှန်၍ ပြောသည်။ ရေဘေး ဒုက္ခသည်များအတွက် တည်းခိုရန်နှင့် စားသောက် ရန်အတွက် စတင်လုပ် ဆောင်ရာတွင် ဝဲဒေါင့်ရပ်ကွက်ရှိ သုဓမ္မ ရက္ခိတ ဘုန်းတော်ကြီးကျောင်းက ဦးဆောင်၍ ပြုလုပ်ခဲ့ရသည်။ ဒီမှာကတော့ လက်လုပ်လက် စားတွေများတယ်။ အခုလို အခက်အခဲ ဖြစ်နေတော့ ဦးဇင်းတို့ပဲ ကျောင်းမှာ တင်ထားရ တာပေါ့။ ဦးဇင်းတို့ ဝတ္တုငွေထဲက လိုအပ်တာတွေကို ဖြည့်ပေးရတာ။ ဒီစခန်းတွေ စဖွင့်တုန်းကလည်း ဦးဇင်းတို့ ဝတ္တုငွေနဲ့ပဲ မတည်ရတာ ဟု ကျောင်းထိုင်ဆရာတော်က ပြောသည်။ မိသားစုကို ဒုက္ခသည် စခန်းတွင်ထားကာ ဆိုက္ကားနင်း ထွက်နေသူ ကိုပေါက်ကလေးက  အခုက တထောင်ပဲရတယ်။ ပုံမှန်ဆိုရင်တော့ လေးထောင်၊ ငါးထောင် လောက်ရတာပေါ့။ အဆင်မပြေဘူး အခုရေက တအားတက်နေတာ။ လမ်းတွေ က ပျောက်နေတာ နင်းလို့မရဘူး။ တခေါက်သွားရင် တွန်းရပြီ ဟု ပြောသည်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဓနုဖြူ၊ ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ မြောင်းမြ မြို့နယ် များအတွင်း ရေကြီးမှုများ ဖြစ်ပေါ်နေ ခြင်းကြောင့် အဆိုပါ ဒေသများရှိ ရေဘေးဒုက္ခ သည်များအတွက် ဆန်တင်းပေါင်း ၁၅ဝဝ ကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ကုမ္ပဏီက ပေးလှူရန် ဆုံးဖြတ်ထားပြီး တအိမ်ထောင်လျှင် ရှစ်ပြည်နှုန်းဖြင့် လိုက်လံ ဝေငှနေသည်ဟု  ကုမ္ပဏီ၏ အတွင်းရေးမှူး ဦးတင်မောင်ဝင်းက မဇ္ဈိမကိုပြောသည်။ ဆင်းသုခ ဆန်ကို လှူတာပေါ့။ ကိုယ်တိုင် ကိုယ်ကျ ဒုက္ခခံပြီး လှူတာပေါ့။ တကယ်ဒုက္ခ ရောက်နေတဲ့လူတွေ။ ဓနုဖြူ၊ ပန်းတနော်၊ ကျောင်းကုန်း တအိမ်ထောင်စုကို ရှစ်ပြည် ပေးရင်းကနေ အခုကျတော့ လူက များများလာတော့ တစုကို ခုနှစ်ပြည်ပဲ ပေးနိုင်တော့တယ် ဟု ဦးတင်မောင်ဝင်းက ပြောသည်။ ကန်ကြီးထောင့်မြို့နယ် ဒါးက တိုက်နယ်ရှိ ပုသိမ်-ဒါးက လမ်းပိုင်း ကားလမ်းပေါ်တွင် ယာယီတဲ များထိုးကာ နေထိုင်နေ သည့် အိမ်ထောင်စု၂၅ စနေနေ့ည ၇ါ်၃ဝ ခန့်တွင် ဆန်လှူဒါန်း နေသည်ကို တွေ့ရသလို အမှောင်ထု အတွင်းတိုးဝှေ့ကာ လှူဒါန်းမှုကို လက်ခံနေသည့် ဒုက္ခသည်များထံမှ ဓသမီးတို့လည်း မရသေးဘူးကျမတို့ကို လည်းပေးပါ ဟူသည့် အသံများလည်း ကြားလိုက်ရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်