Monday, August 20, 2012

အငြင်းပွားကျွန်းစုအနား ဂျပန်သင်္ဘောတွေဝင်ရောက်

Posted by drmyochit Monday, August 20, 2012, under | No comments


diaoyu-senkaku 
    
အရှေ့တရုတ် ပင်လယ်ပြင် ထဲက ပိုင်ဆိုင်မှု အတွက်အငြင်းပွားနေတဲ့ လူမနေတဲ့ကျွန်းတွေဆီကို ဂျပန် သင်္ဘောအုပ်စု ရောက်ရှိသွား ပြီ ဖြစ်ပါတယ်။ အဲဒီ သင်္ဘောတွေ ပေါ်မှာ အမျိုးသားရေး လှုပ်ရှားသူ ၁၅၀ လောက်နဲ့ လွှတ်တော် အမတ် တွေပေါသွားပြီး နံနက် အရုဏ်တက်ချိန်မှာ ရောက်သွား တဲ့အကြောင်း သင်္ဘော တွေပေါ်မှာ သတင်းထောက် တယောက်ပါတဲ့ ပြင်သစ် အေဖက်ပီ သတင်းဌာန ကပြောပါတယ်။
  အဲဒီ သင်္ဘောပေါ်က အမတ် တယောက်က ဂျပန် အစိုးရဆီက ခွင့်ပြုချက် မရသေး ပေမယ့် အဲဒီကျွန်း တွေပေါ်ကို တက်ဖို့ ကြိုးစားကြည့်မယ့် အကြောင်း ပြောပါတယ်။ ဒီကျွန်းတွေ အနားမှာ ဒုတိယ စစ်အတွင်းက သေဆုံး ခဲ့ရသူ တွေအတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပလိုတဲ့ အကြောင်း ဆိုပါတယ်။ အဲဒီ ကျွန်းတွေကို ဂျပန်က ဆဲန်ကာကူ လို့ခေါ်ပြီး တရုတ်က ဒိုင်းယိုယုလို့ခေါ် ပါတယ်။ ထိုင်ဝမ်ကလည်း ဒီကျွန်း တွေကို ပိုင်တယ်ဆိုပြီး ပြောနေပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်