Monday, August 20, 2012

ဂျပန်နိုင်ငံမှ ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများအား ကောင်းမွန်စွာထားရှိရန် တရုတ်က တောင်းဆိုခြင်း

Posted by drmyochit Monday, August 20, 2012, under | No comments


ဂျပန်နိုင်ငံသည် Diaoyu ကျွန်းများပေါ်တွင် တရုတ်အစောင့် ကိုယ်စားလှယ် များအား သြဂုတ်လ ၁၅ ရက်နေ့၌ ဂျပန်နိုင်ငံမှ တရားမဝင် ဖမ်းဆီးထားကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြား ရေးဝန်ကြီး Fu Ying က တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Uichiro Niwa အား အရေးတကြီး ဆင့်ခေါ်ခဲ့ပြီး ဂျပန်ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး  Tsuyoshi Yamaguchi  အား ယခုဖြစ်ပွားသော ဖြစ်စဉ်များအပေါ် တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

 Fu က Diaoyu  ကျွန်းများသည် တရုတ်နိုင်ငံ ပိုင်ကျွန်းစုကြီး ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး ဂျပန်နိုင်ငံအား တရုတ်နိုင်ငံ သားများအတွက် လုံခြုံရေး အာမခံချက်ပေးရန်နှင့်  ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။ ဂျပန်တို့သည် တရုတ်နိုင်ငံပိုင်ဟု အခိုင်အမာ ပြောဆိုထား သော အဆိုပါကျွန်းများပေါ်တွင် သြဂုတ်လ ၁၅ ရက်နေ့မွန်းလွဲပိုင်း၌ ဟောင်ကောင်မှထွက်ခွာလာသော တရုတ် လူမျိုး ၁၄ ဦးအားဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်