လားရှိုးမြို့တွင် သြဂုတ်လ(၁၉)ရက်နေ့ ကမိုးသည်းထန်စွာ
ရွာသွန်းပြီး တောင်ကျရေများ အရှိန်ပြင်းစွာစီးဆင်း လာမှုကြောင့် လားရှိုးမြို့အ၀င်
ပြည်ထောင်စု လမ်းမကြီးပေါ် နှင့်မြေနိမ့်ပိုင်းကျသော ရပ်ကွက်များသို့ရေ၀င်ရောက်မှုများရှိ ခဲ့ရာလူနေ
အိမ်များမှပစ္စည်းများ ရေစီးနှင့်မျောပါခြင်း၊ အိမ်အချို့ပြိုကျခြင်း။ အုတ်တံတိုင်းများပြို ကျပျက်စီးခြင်းများ ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။
သြဂုတ်လ
(၁၉)ရက်နေ့ နံနက် (၉) နာရီခန့် မှ စတင်၍ တောင်ကျ ရေများပြင်းထန်စွာ ကျဆင်းလာပြီး
လားရှိုးမြို့ ရပ်ကွက်(၁)၊ (၇) (၈) (၉) (၁၁) (၁၂) တို့တွင်ရေ၀င်
ရောက်ခဲ့ကြောင်း သိရသည်။
Time in Rangoon


0 comments:
Post a Comment