Monday, August 20, 2012

မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော် မန္တလေးမြို့တော်၊ မဟာအောင်မြေမြို့နယ်ရှိ လမ်းဘေး ရေမြောင်းအတွင်းမှ ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲ မီးလောင်းမှုသည် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက် ၆၁လမ်း ၃၅ လ မ်းနှင့် ၃၆ လမ်းကြားရှိ ရေမြောင်းတွင် ယမန်နေ့ (သြဂုတ်လ၁၈ရက်) ည ၇နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၁၁နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။ ယင်းပေါက်ကွဲမီးလောင်းမှု ဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူတစ်ဦးက “ ဖောင်း ဆိုတဲ့အသံအကျယ်ကြီး ထွက်လာပြီး မီးထလောင်တော့တာပဲ” ဟု ဆိုသည်။ မီးသတ်ဦးစီးအရာရှိတစ်ဦးကမူ “ ဇ၀က်သာ (အမိုးနီးယား) တွေ စွန့်ပစ်တာများလို့ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားတာပါ” ဟု မှတ်ချက်ပေးသည်။ ဇ၀က်သာ (အမိုးနီးယား) နှင့် ယမ်းစိမ်းတို့သည် နိုက်ထရိုဂျင်ဓါတ်ဖြစ်ပြီး ရေမှာ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ဖြစ်နေခြင်းကြောင်း ၄င်းတို့ ထိတွေ့ပါက ပေါက်ကွဲတတ်ကြောင်း ဓါတုဗေဒ ပါမောက္ခ တစ်ဦးက ပြောကြားသည်။

Posted by drmyochit Monday, August 20, 2012, under | No comments



မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော် မန္တလေးမြို့တော်၊ မဟာအောင် မြေမြို့နယ်ရှိ လမ်းဘေးရေမြောင်းအတွင်းမှ ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာန ထံမှသိရသည်။ 

အဆိုပါ ပေါက်ကွဲ မီးလောင်းမှုသည် မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေ မြို့နယ်မဟာမြိုင် ၂ရပ်ကွက် ၆၁လမ်း ၃၅လမ်းနှင့် ၃၆ လမ်းကြားရှိ ရေမြောင်းတွင် ယမန်နေ့ (သြဂုတ်လ၁၈ရက်) ည ၇နာရီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ည ၁၁နာရီ ၀န်းကျင်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦး ကရှင်းပြသည်။ ယင်းပေါက်ကွဲ မီးလောင်းမှု ဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူတစ်ဦးက “ဖောင်း ဆိုတဲ့အသံ အကျယ်ကြီး ထွက်လာပြီး မီးထလောင်တော့တာပဲ” ဟု ဆိုသည်။
မီးသတ်ဦးစီး အရာရှိ တစ်ဦးကမူ “ ဇ၀က်သာ (အမိုးနီးယား) တွေစွန့်ပစ် တာများလို့ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားတာပါ” ဟုမှတ်ချက်ပေးသည်။ ဇ၀က်သာ (အမိုးနီးယား) နှင့် ယမ်းစိမ်းတို့သည် နိုက်ထရိုဂျင် ဓါတ်ဖြစ်ပြီးရေမှာ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ဖြစ်နေခြင်းကြောင်း ၄င်းတို့ ထိတွေ့ပါက ပေါက်ကွဲ တတ်ကြောင်း ဓါတုဗေဒ ပါမောက္ခ တစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်