လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့်
ကော်မတီ၊ ကော်မရှင် များသ ည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ အဖြစ် ထည့်သွ
င်းအဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေ ခံဥပေ ဒပါ ပြဋ္ဌာန်းချက်များနှင့်
ညီညွ တ်ခြင်း မရှိကြောင်းအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုသို့
ဆုံးဖြတ်ခြင်းမှာ မှားယွင်း ဆုံးဖြတ်ခြင်းဖြစ်ပြီး ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ
့ဝင်များအားနုတ်ထွ က်ပေး ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက
စွပ်စွဲပြစ်တင်လက်မှ တ်ရေး ထိုးေ တာင်းဆိုထား သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံသ၀ဏ်လွှာရေးသား၍ ဖေဖော်ဝါရီ
၂ ရက်က တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်ရုပ်သိမ်းပေးရန် ခုံရုံးဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များအား၎င်းတို့၏
အသိစိတ်ဓာတ်ဖြင့် တာဝန်မှအနားယူရန်တို့ကို သြဂုတ် ၂၁ ရက် မတိုင်ခင် အပြီးဆောင်ရွက်ပေးရန် ထိုသို့ဆော င်ရွက်ပါက လွှတ်တော်ကိုယ်စားလှယ် များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို ပြုလုပ်မ ည်မဟုတ်ကြောင်း သ၀ဏ်လွှာရေးသားပေးပို့ခဲ့သည်။
ထို့ကြောင့် သြဂုတ်လ ၂၁ ရက်မတိုင်ခင် သြဂုတ် ၂၀ ရက်၌ ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ခုံရုံးက သတင်း စာရှင်းလင်းပွဲကျင်းပမည်ဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲများ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ပထမဆုံး ရှင်းလင်းပွဲဖြစ်သည်။
From -7DayNewsJournal

Time in Rangoon

0 comments:
Post a Comment