ယခု ရက်ပိုင်း အတွင်း မြို့နယ် ရဲစခန်း အချို့ရှိ အမှု ဖွင့်ချက် များတွင် ရှစ်နှစ် အရွယ် မိန်းကလေးနှစ်ဦး အပါ အ၀င် ၁၈ နှစ်အောက် မိန်းကလေးများအား အဓမ္မပြုကျင့်မှု၊ ကြံစည်မှုနှင့် ဖြားယောင်းမှုများ လက်ရှိဖြစ်ပေါ် လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
ထိုသို့ အမှု ဖွင့်ချက် များရှိသော ရဲစခန်းများမှာ မြောက်ဥက္ကလာပ မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ပန်းဘဲ တန်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ခရမ်းမြို့နယ် တို့ဖြစ်ပြီး ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွားခဲ့ကာ အင်းစိန်မြို့နယ်နှင့် သုံးခွမြို့ နယ်များတွင် ဖြစ်စဉ်နှစ်ခု ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရပါသည်။
ရှစ်နှစ်အရွယ် မိန်းကလေးနှစ်ဦး အဓမ္မပြုကျင့်ခံရမှု အနေဖြင့် အင်းစိန်မြို့နယ်နှင့် သုံးခွမြို့နယ်တို့တွင် ဖြစ်ပွား ခဲ့ပြီး မှုခင်းစစ်ချက် ရလဒ်များ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၁၀း၃၀နာရီက အင်းစိန်မြို့နယ်နေသူ ဒေါ်---မှာ အင်းစိန် ကမ်းနားဈေးမှ အိမ်သို့ပြန်ရောက်စဉ် သမီးဖြစ်သူ မ --- ရှစ် နှစ်မှာ အိမ်သို့ ငို၍ပြန်လာသည်ကို တွေ့ရသဖြင့် မေးမြန်းခဲ့ရာ အမည်မသိလူတစ်ဦးက သူမ၏ ပါးစပ်အား လက်ဖြင့် ပိတ်၍ နေအိမ်အနီး ချုံပုတ်အတွင်းသို့ ခေါ်သွားပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာအနီးနေသူတို့မှ ပြောပြရာတွင် ပိန္ဒဲကုန်းရပ်ကွက် အင်းစိန်မြို့နယ်နေသူ မင်းထက်စိုး (ခ) စိုးရာဇာ (၃၁ နှစ်) မှာ အခင်းဖြစ်ပွားရာ ချုံပုတ်အတွင်းမှ ထွက်ပြေးသွားသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းတို့ ၏ တွေ့ရှိချက်ကို အဓမ္မမှု ကျူးလွန်ခံရသူ၏ အမေဖြစ်သူအား ပြောပြသဖြင့် မိခင်မှ အင်းစိန်မြို့နယ် ရဲစခန်း သို့ တိုင်ကြားရာ အင်းစိန်မြို့နယ် ရဲစခန်းမှ (ပ) ၃၄/၁၃၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်အတွင်း အသက်မပြည့်သေးသူ မိန်းကလေးများ မုဒိမ်းမှု၊ ကြံစည်မှု၊ ဖြားယောင်း သွေးဆောင်မှုများနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်း အသီးသီးတွင် အမှုဖွင့်ချက်အရ ရှစ်နှစ် အရွယ် မိန်းကလေးများ အပါအ၀င် ၁၄ နှစ်မှ ၁၈ နှစ်အတွင်း မိန်းကလေးများ ပါဝင်ကြောင်း မှုခင်းစစ်ချက် အဖြေများ အရ သိရသည်။
အမှုအခင်း ကျူးလွန်သူဟု ယူဆရသူများမှာ အသက် ၂၀ နှစ်မှ အသက် ၄၅ နှစ် အရွယ်နီးပါးရှိသူများ ဖြစ်ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ ဆက်တိုက်ဖြစ်ပွားခဲ့သော အဓမ္မကျူးလွန်မှုများကို စီမံချက်များ ရေးဆွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူထံမှ သိရပါသည်။
Time in Rangoon

0 comments:
Post a Comment