Wednesday, January 16, 2013

ကရင် နှစ်သစ်ကူးနေ့ စည်ကား သိုက်မြိုက်စွာ ကျင်းပ နိုင်မှုသည် ငြိမ်းချမ်းရေး၏ အသီးအပွင့် များကို ပြည်သူ များ ရရှိခံစား ရခြင်းဖြစ်

Posted by drmyochit Wednesday, January 16, 2013, under | No comments


ဇန်နဝါရီ ၁၂ ရက် နံနက် ၁၁ နာရီက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင် များ ဖြစ်ကြ သည့် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ တို့သည် ကရင်ပြည်နယ် ဝန်ကြီး ချုပ် ဦးဇော်မင်းနှင့် အတူ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကစို ကျေးရွာ၌ ကျင်းပသည့် ကရင် နှစ်သစ် ကူးနေ့ အခမ်း အနားသို့ တက်ရောက် လာကြသည့် ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးနှင့် အဖွဲ့ဝင် များအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နေ့လယ်စာ သုံးဆောင်ကြ သည်။ 

ထို့နောက် ပြည်ထောင်စု ဝန်ကြီးများနှင့် ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ တို့သည် ကရင် နှစ်သစ် ကူးနေ့ အခမ်း အနားသို့ သွားရောက်၍ စတုဒိသာ သုံးဆောင် နေကြသော ဒေသခံ ပြည်သူများ၊ တိုင်းရင်း သား၊ တိုင်းရင်း သူများအား ရင်းနှီးစွာ နှုတ်ဆက်ကြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများနှင့် ကရင် အမျိုးသား အစည်းအရုံး အဖွဲ့ဝင် များသည် ကရင်ရိုးရာ လက်ဝှေ့ ပြိုင်ပွဲကို ဝင်ရောက်ကြည့်ရှု အားပေးကြ သည်။ 

ကရင်ပြည်နယ် ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားကို ယခုကဲ့သို့ စည်ကား သိုက်မြိုက်စွာ ကျင်း ပ နိုင်ခဲ့ခြင်း သည် နိုင်ငံတော် အစိုးရနှင့် KNU အဖွဲ့အစည်း အကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း စဉ် များ ဆောင်ရွက်၍ အပစ်အခတ် ရပ်စဲရေး သဘောတူ ဆောင်ရွက်ကြရာ ငြိမ်းချမ်းရေး၏ အသီးအပွင့် များ ကို ဒေသခံ ပြည်သူများ ရရှိခံစား နေကြ ရခြင်း ဖြစ်ကြောင်းနှင့် ဒေသခံ တိုင်းရင်းသား များက ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များ အပေါ် အားရ ကျေနပ်လျက် ရှိကြကြောင်း ပြည်သူများ အကြား ပြောကြားလျက် ရှိကြကြောင်း သိရ သည်။


From:မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်